ငါမြတ်နိုးစွာ တန်ဖိုးထားလုပ်ကိုင်နေတဲ့အရာတစ်ခုနဲ့ အသစ်ဆက်ဆက်ဝင်ရောက်လာတဲ့ နှလုံးသားတစ်စုံ ဘယ်ဟာကိုဦးစားပေးသင့်လဲ … ငါ့ရဲ့သေနေတဲ့နှလုံးသားကြီးက လှုပ်ရှားလာပြီလို့ငါထင်တယ် … ဒါကဘာကြောင့်များလဲ …
အမှောင်ဆိုတာက လူကိုဝါးမျိုနိုင်တယ် … ဒါပေမဲ့ အမှောင်ကိုထိန်းချုပ်နိုင်ရင် အဲ့ဒိလူက အရာအားလုံးကိုဝါးမျိုနိုင်လိမ့်မယ် … ငါ့ဘဝကို အမှောင်ထဲမှာပဲ နစ်မြုတ်စေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ …
ငါတန်ဖိုးထားတဲ့အရာက ငါ့အလုပ်ကလွဲပြီး ဘယ်ဟာမှမရှိဘူး … အလုပ်တစ်ခုကို လုပ်မယ်ဆို ငါဘယ်တုန်းကမှ တွန့်ဆုတ်ခြင်းမရှိခဲ့ဘူး … ငါဘယ်အရာကိုမှ တွေဝေခြင်းမရှိဘူး … ငါ့ရဲ့လက်ညှိုးတစ်ချောင်းကွေးဖို့ အချိန် စက္ကန့်ပိုင်းတောင် ယူနေစရာမလိုဘူး … ဘာကြောင့်လဲဆိုတော့ ငါ့မှာငဲ့ညှာထောက်ထားနေစရာ သံယောဇဉ်ဆိုတာ ရှိမနေလို့ပဲ …
လူတွေကပြောကြတယ် Lion ကကောက်ကျစ်ပြီး ကြမ်းတမ်းရက်စက်တယ်တဲ့ … တစ်ချို့တစ်ဝက်ကမှန်ပေမဲ့ တစ်ချို့တစ်ဝက်ကမှားနေတယ် … ငါကောက်ကျစ်တာက အဖြစ်မရှိပဲ ခြုံခိုတိုက်နေတဲ့ မြေခွေးကောင် ကြောင်သူတော်တွေကိုပဲ … ရက်စက်တာကတော့ ငါ့လမ်းလာရှုတ်တဲ့လူမှန်တမျှကို သတ်ပြစ်ရမှာပဲ … လူသတ်တဲ့အလုပ်ကငါ့အတွက် ထမင်းစာရေသောက်ရသလောက်တောင် ခက်ခဲမှုမရှိဘူး …
အမြဲတန်းယုံကြည်မှုရှိနေတဲ့ ငါ့စိတ်တွေလေးလံနေတယ်လို့ငါထင်မိတယ် … ငါ့ရဲ့ဘေးမှာ မိတ်အိုမီဂါရှိနေတာတောင် ငါ့ရဲ့ဖယ်ရိုမုန်းတွေတည်ငြိမ်မှုမရှိဘူး … ငါစိတ်လှုပ်ရှားနေတာလား ဒါမှမဟုတ် တစ်စုံတစ်ရာဖြစ်တော့မှာကိုကြိုသိနေ၍ပဲလား …
ငါသူ့ကိုသန်မာစေချင်တယ် … ငါအနားမှာရှိနေဖို့ဆိုရင် သန်မာမှရမယ် … သူကငါ့အတွက်တော့ သက်သေခံပစ္စည်းတစ်ခုပဲလို့ သတ်မှတ်ထားခဲ့ပေမဲ့ ဒီပစ္စည်းက ငါ့ကိုချုပ်နှောင်လိုက်မယ်ဆိုတာ မသိခဲ့ဘူး … ငါရူးသွားရင်တောင် ဒီလိုမျိုးအဖြစ်မခံနိုင်ဘူး … ဒါပေမဲ့ ငါက ရူးတာထက်ပိုနေပြီလား … ဒီလောက်ထိန်းချုပ်နေတဲ့ကြားကမှ ငါသူ့ကို ဘယ်လိုတွေ သဘောထားနေမိလဲမတွေးတတ်တော့ဘူး …

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein