Chapter - 64

37.1K 5.7K 1.1K
                                    

ချူးရှန့်တစ်ယောက် မနေ့ကအလုပ်ကိစ္စနဲ့အပြင်လေးခနသွားလိုက်ပါတယ် ပြန်လာတော့ ထူးထူးဆန်းဆန်းသတင်းတွေကြားလိုက်ရတယ် …

ပထမထပ်ကနေ ၁၈ ထပ်ကိုသွားနေတဲ့ ဓာတ်လှေကားထဲမှာ ဝန်ထမ်းအမျိုးသမီး ၄ ဦးက တိုးတိုး တိုးတိုးနဲ့ပြောနေကြတယ် …

" ဟဲ့ … မနေ့က ဥက္ကဌ အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှုးသစ်က ဘယ်နှစ်ရက်ခံမယ်ထင်လဲ "

" ငါတော့ ၂ ရက်လို့ထင်တယ် "

" ငါကဒီနေ့ပဲ သူအလုပ်ထွက်မယ်လို့လောင်းရဲတယ် … သူ့ပုံစံကနုနုရွရွလေးနဲ့ အကြမ်းခံမဲ့ပုံမပေါ်ဘူး … ဥက္ကဌ လိုဒေါသကြီးတဲ့လူနဲ့သူ့ပုံစံနဲ့အဆင်ပြေမယ်မထင်ဘူး "

" ငါက ၃ ရက် "

" ဒါဆိုငါတို့ ယွမ် ၅ ထောင်ကြေးအလောင်းအစားလုပ်ကြမလား … ငါကတစ်ပတ်အတွင်းသူအလုက်ကထွက်မဲ့ဘက်လောင်းမယ် "

ချူးရှန့်အစကအလေးအနက်မထားပေမဲ့ နုနုရွရွနဲ့အကြမ်းခံမဲ့ပုံမပေါ်ဘူးဆိုတော့ အနည်းငယ်စိတ်ဝင်စားသွားတယ် … အဲ့ဒါနဲ့ပဲ မေးကြည့်လိုက်တယ် …

" ဟေး … မင်းတို့ ဘယ်သူ့အကြောင်းပြောနေတာလဲ "

" အာ … ကျွန်မတို့တောင်းပန်ပါတယ် လက်ထောက်ချူး "

သူတို့အစက ချူးရှန့်ရပ်နေတာကိုသတိမထားမိကြဘူး … ရုတ်တရပ်သူတို့အနောက်ကအသံကြားတော့မှ ဥက္ကဌရဲ့လက်ထောက်ရှိနေမှန်းသိသွားကြပြီး အပြစ်ရှိသလိုခံစားသွားရတယ် … ချူးရှန့်က ဘာမှမဖြစ်ဘူးဆိုကာ လက်ရမ်းပြပြီး ဆက်မေးလိုက်တယ် …

" စောစောကစကားလေးပြန်ဆက်ပါအုံး … ဘယ်သူကအတွင်းရေးမှူးခန့်လိုက်တာလဲ "

" ဥက္ကဌခန့်လိုက်တာလေ … မနေ့ကပဲ …  ကောင်လေးတစ်ယောက် … ဘီတာလို့တော့ကြားတာပဲ … ဒါပေမဲ့ နုနုရွရွလေးနဲ့ ချစ်စရာလေး … ပြီးတော့ သူ့ကို ဥက္ကဌကချက်ချင်းအလုပ်ခန့်လိုက်လို့ အားလုံးက အံ့ဩနေကြတာ … ဒါပေမဲ့ ကြာရှည်ခံမှာမဟုတ်ဘူးလို့ထင်တာပဲ "

ချူးရှန့်ခနမျှတွေဝေသွားတယ် … သခင်က အိုမီဂါနဲ့အယ်ဖာတွေအားလုံးကိုတစ်ယောက်မှလက်မခံဘူး … ဘီတာမလို့ ချက်ချင်းလက်ခံလိုက်တာများလား …

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum