မထိတွေ့တာကြာပြီဖြစ်တဲ့ အထိအတွေ့လေးတစ်ခုကြောင့် မင်းယွီရင်ခုန်စိတ်လှုပ်ရှားမှုတွေမြန်ဆန်နေပြီး နွေးထွေးတဲ့ထိုခံစားချက်ဟာ ဘယ်အရာနဲ့မှမလဲနိုင်သလို သူ့ရဲ့ဖယ်ရိုမုန်းတွေဟာလဲ ခုချိန်ထိမွှေးပြန့်နေဆဲပဲ … သေဆုံးသွားပြီဟုအသိစိတ်ကိုယုံကြည်အောင်ကြိုးစားခဲ့ပေမဲ့ မသိစိတ်ကသူလိုလူဟာလွယ်လွယ်နဲ့ထွက်မသွားပဲပြန်လာလိမ့်မယ်ဆိုတဲ့အတွေးအမြဲရှိနေပြီး သူပျောက်ကွယ်သွားတဲ့ပင်လယ်ကြီးထံကြည့်ကာ ဘယ်တော့ပြန်လာမလဲ မင်းယွီအမြဲမျှော်နေမိခဲ့တယ် … အရူးတစ်ယောက်လိုမျိုး …သို့သည့်တိုင် ဒီလူသားရဲ့အကြည့်တို့ကသူ့အပေါ်စိမ်းကားနေသလိုပင် … သူဖက်ထားတဲ့ ရင်ခွင်ကျယ်က ယခင်ကထက်ကျယ်ပြန့်ပေမဲ့ အနွေးဓာတ်လေးအနည်းငယ် ရော့ပါးနေခဲ့တယ် … အမြဲသူ့ကိုပွေ့ချီသွားတတ်ပြီး ကြမ်းကြမ်းတမ်းတမ်းပြုမူတတ်တဲ့ထိုလူက ခုတော့သူ့ရဲ့သန်မာလှတဲ့လက်မောင်းတွေဟာလှုပ်ရှားမလာပဲ ကျောက်ရုပ်ပမာငြိမ်သက်နေလေတယ် …
တစ်စုံတစ်ခုကတော့ လွဲမှားနေပြီဟုခံစားလိုက်ရတယ် … ခုချိန်မှာ သူ့ရဲ့မျက်နှာကို လွမ်းစွတ်မိပေမဲ့ မော့မကြည့်ရဲဘူး … သူအများကြီးမျှော်လင့်ထားသလိုဖြစ်မလာမှာကြောက်မိတယ် … ဒီလူရဲ့အကြည့်တွေက တစ်စုံတစ်ယောက်နဲ့ တူမနေမှာကြောက်မိနေတယ် … သူ့ကိုအသက်ပေးပြီးကာကွယ်ပေးတဲ့ ပင်လယ်ထဲနစ်မြုတ်သွားတဲ့ တစ်စုံတစ်ယောက်ဖြစ်မနေမှာကြောက်မိနေတယ် …
ထိုစဉ် ဦးခေါင်းထက်မှ ထွက်ပေါ်လာတဲ့ အေးဆက်ဆက် စကားတစ်ခွန်း …
" မင်း … ဘယ်သူလဲ "
မင်းယွီ ရေခဲရိုက်ခံလိုက်ရသလို တစ်ကိုယ်လုံး ခဲတောင့်သွားကာ မကြည့်ဘူးလို့ဆုံးဖြတ်ထားတဲ့ သူ့ရဲ့မျက်ဝန်းတွေက မရဲတရဲမော့ကြည့်လာတဲ့အခါ ဓားသွားပမာစူးရှတဲ့အကြည့်တွေက သူ့ထံမြဲမံလျှက် …
ထိုအကြည့်တွေက အငြိုးအသေးတွေပါဝင်မနေသလို နူးညံ့မှုလဲရှိမနေ … သူ့ရဲ့အကြည့်တွေက စိတ်ရှုတ်ထွေးနေသလိုမျိုး ပဟေဠိဆန်စွာနဲ့ သူစိမ်းတစ်ယောက်ပမာ … အိမ်မက်ဆိုးထဲမှာအမြဲမြင်ယောင်ခဲ့တဲ့ ဘာခံစားမှုမှမရှိတော့တဲ့ထိုမျက်ဝန်းတွေအတိုင်း မင်းယွီကိုအေးဆက်ဆက်ဖြင့်သာကြည့်နေလေတယ် … မင်းယွီလက်လေးတွေတုန်ယင်သွားပြီး ထိုစိမ်းသက်တဲ့ခံစားမှုကြီးကို ကြောက်ရွံ့လာမိတယ် …

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein