Chapter - 58 ( 👪💕👼 )

44.6K 4.6K 1.1K
                                    

မင်းယွီတစ်ယောက် လုယီလေးပျောက်သွားမှန်းသိလိုက်ရတဲ့အခါ အရူးမီးဝိုင်းဖြစ်သွားလေတယ် ... သားလေးကို ဆိုင်အတွင်းအပြင် အရူးတစ်ယောက်လို ပြေးရှာပြီးနောက် မတွေ့တဲ့အခါ အပြင်က လမ်းသွားလမ်းလာတွေကို တစ်ရောက်ချင်းလိုက်မေးနေလေတော့တယ် ....

ဆိုင်ရှင်ကလဲ သဘောကောင်းလွန်း၍ မင်းယွီနဲ့အတူ ကူပြီးရှာဖွေပေမဲ့အချိန်တွေသာကုန်ဆုံးသွားတယ် လုယီလေးကိုရှာမတွေ့ခြေ ...

မင်းယွီနောက်ထက် သူ့ရဲ့ကမ္ဘာလေး ပျောက်ကွယ်သွားမည်ကိုတွေးမိတော့  ကြောက်စိတ်နဲ့အတူ ဘာကိုမှမစဉ်းစားနိုင်တော့ပဲ အီကနဲထိုင်ငိုပြစ်လေတော့တယ် ... သားလေးကို ဂရုမစိုက်မိပဲ ပြစ်ထားမိတဲ့ကိုယ့်ကိုယ်ကိုလဲ သေလောက်အောင်အပြစ်တင်နေမိတယ် ...

လုယီလေးကိုသာ ထက်မံဆုံးရှုံးသွားခဲ့လျှင် မင်းယွီဘဝ အရာအားလုံးသေဆုံးသွားပြီး ခွင့်မလွှတ်နိုင်တဲ့ အပြစ်တွေနဲ့အတူ သူ့လိုပဲ အရာအားလုံးနဲ့အဝေးဆုံး ရေအောက်ထဲသို့ ငို့လျှိုကာ ပျောက်ကွယ်သွားလိုက်ချင်တော့တယ် ... ထပ်ပြီး သူနဲ့ပတ်သပ်တဲ့နောက်ဆုံးသောအရာလေး ပျောက်ကွယ်သွားမှာကို သေလောက်အောင်ကြောက်နေမိတယ် ...

" မောင်လေး စိတ်အေးအေးထားပါ ... သားလေးက လူလည်လေး ... မကောင်းတဲ့လူတွေနဲ့ မတွေ့နိုင်လောက်ပါဘူးကွယ် "

" ကျွန်တော်ဘယ်လိုစိတ်အေးနိုင်မလဲဗျာ ... သားလေးက ခုမှ ၃ နှစ်ပဲရှိသေးတာ ... အပြင်လဲမသွားဖူးဘူး ... ကျွန်တော်နဲ့အတူ မြို့ထဲကိုခေါ်လာတာ ဒါပထမဆုံးပဲ ... မကောင်းတဲ့သူတွေနဲ့သာတွေ့ရင် ကျွန်တော်ကိုယ့်ကိုယ်ကိုပဲ သတ်သေပြစ်ချင်တော့တယ် "

" မဟုတ်တာ ... အမရဲကိုအကြောင်းကြားပြီးပါပြီ ... အမဆိုင်မှာဖြစ်တာဆိုတော့ အမတာဝန်ယူပေးပါ့မယ် ... မောင်လေးစိတ်အေးအေးထားပါ ... ခုခေတ်က ကလေးတွေကိုရောင်းစားမဲ့လူတွေလဲမရှိတော့ပါဘူး ... ကလေးလေးက တစ်ယောက်ယောက်နောက် ပါသွားလို့ဖြစ်လိမ့်မယ် "

" သားလေးက လူစိမ်းတယ် ... သူနဲ့အသိမဟုတ်တဲ့လူတွေဆို လွယ်လွယ်နဲ့လိုက်မှာမဟုတ်ဘူး ... ခုလောက်ဆို သားလေးငိုနေမလား ... ကျွန်တော့ရင်ဘက်တွေအောင့်လာပြီ "

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum