Chapter - 62 ( 👪💕 )

43.6K 5K 698
                                    

တစ်ခန်းလုံးပြည့်သွားတဲ့ရောင်စုံနှင်းဆီပန်းတွေကိုကြည့်ပြီး ချူးရှန့်ပင်မျက်လုံးပင်ကျိန်းသွားမိတယ် ... မင်းယွီတို့အိမ်ကနေပြန်ဖို့အတွက်ကို မနည်းတောင်းပန်ယူလိုက်ရတယ် ... နောက်ဆုံး ရှိသမျှပန်းတွေအကုန်ရောင်းမယ်ဆိုတော့မှ ဆရာသခင်က အခန်းတော်ကိုပြန်လာတော်မူခဲ့တယ် ...

" ချူးရှန့် ... ပန်းတွေကိုသေချာအလှဆင် ...ဂပြီးတော့မညှိုးစေနဲ့ ... ဂရုစိုက် "

" ဟုတ်ကဲ့ "

သို့ပေမဲ့ တစ်ဆက်တည်းမှာပဲ ကိစ္စကြီးတစ်ခုပေါ်လာခဲ့ပြန်တယ် ...

" သခင် ... အရေးကြီးတဲ့ဖုန်း လာနေတယ် "

" ဘယ်သူလဲ "

" သခင်မကြီးပါ "

ဖန်းဂူက ခုံပေါ်မှာထိုင်နေရင်းမှ ချူးရှန့်လက်ထဲကဖုန်းကိုဆွဲယူလိုက်တယ် ...

" ဝေ ... မား "

" သား ... ဘယ်တော့အိမ်တော်ကို ပြန်လာမှာလဲ ... ဟော်တယ်မှာပဲ အမြဲနေနေတော့မှာလား "

" အိမ်မှာနေရတာ စိတ်ကျဉ်းကျပ်တယ် ... ထပ်ပြီးကျွန်တော့ကိုအခန်းထဲပိတ်ထားအုံးမှာပဲမလား "

" အဲ့ဒါက အရင်ကပါ ... မဖြစ်မနေမို့သားလေးကို ထားထားရတာ ...သားအခန်းထဲမှာနေရတာ စိတ်ကျဉ်းကျပ်မှန်းသိပေမဲ့ အမြဲအပြင်မှာနေနေလို့လဲ မဖြစ်ဘူးလေ ... သားကလုပ်ငန်းရှင်ကြီးဖြစ်လာပြီ ... အမြဲ အောင်မြင်မှုကကို့နောက်လိုက်နေမှာမဟုတ်ဘူး ...  ကိုယ်ကိုယ်တိုင်က အောင်မြင်မှုကိုရအောင်ယူရမှာ "

" ကျွန်တော့အလုပ်ကိုကျွန်တော်သိတယ်... ဒါကြောင့်မို့အိမ်ပြန်လာဖို့အကြောင်းတွေ ထပ်မပြောပါနဲ့တော့ "

အတိတ်မှာဘာတွေဖြစ်ခဲ့လဲမမှတ်မိပေမဲ့ နှစ်ရှည်လများ ကုတင်ပေါ်လဲလျှောင်းနေပြီးထိန်းချုပ်စက်တွေနဲ့အတူ အခန်းတွင်းပိတ်ခံထားရတဲ့ကာလတွေက သူ့အတွက်ငရဲလိုပဲ ... ဒါကြောင့် ရှန်ဟွှာကိုပြန်သွားဖို့ ဆန္ဒမရှိဘူး ...

တဖက်ကနေသူမက ဆက်ပြောလာတယ် ...

" သားလေး ... မနက်ဖြန် ဒီဇိုင်းအသစ်အတွက် ကြော်ငြာဖို့ Kမြို့က မော်ဒယ်ခေါ်ထားပြီးပြီ ... သားသူ့ကိုသွားတွေ့နိုင်မလား "

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum