ရှုတ်ထွေးနေတဲ့အထုတ်တွေကြားငုတ်တုတ်လေးထိုင်နေတဲ့ မင်းယွီကိုမြင်လိုက်ရတော့ ချူးရှန့်လန့်ပင်သွားမိတယ် ...
" မင်းယွီ ဘာဖြစ်လာတာလဲ "
မင်းယွီက ပင်ပန်နေဟန် သက်ပြင်းဖွဖွချလိုက်ရင်း ...
" ကျွန်တော် မလိုချင်ပါဘူးဆို ပစ္စည်းတွေအတင်းဝယ်ပေးပြီး ခုတော့အကြွေးပြန်ဆပ်ရမယ်တဲ့ ... ကျွန်တော်က ရတဲ့ငွေလေးကို ကလေးအတွက် စုမလို့ စဉ်းစားထားတာ "
" အော် ... ဘာများလဲလို့ ... အဲ့ဒိအတွက်ပူမနေပါနဲ့ ... သခင်က အတည်ကြီးမတောင်းလောက်ပါဘူး "
ချူးရှန့် ဒီနေ့သူ့သခင် အပြင်မထွက်စဖူးထွက်သွားတာကိုသိပေမဲ့ ခုလိုထူးဆန်တဲ့အရာတွေ လုပ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး ...
မင်းယွီရဲ့အထုတ်တွေကို ဖြည်ကြည့်တော့ အားလုံးကအဖိုးတန်တွေနဲ့ အိုမီဂါအတွက်လိုအပ်တဲ့ပစ္စည်းတွေ ... ဘယ်တုန်းကများ ဝယ်ပေးဖို့အကြံရသွားလဲမသိပေမဲ့ သခင်ရဲ့ပြောင်းလဲနေတဲ့အမူအကျင့်တွေကို ချူးရှန့်တဖြေးဖြေး ပိုပိုပြီးသိလာတယ် ... နည်းနည်းလေးမနူးညံ့တတ်တာကလွဲရင် သခင်ကလူတစ်ယောက်ကိုဂရုစိုက်ပေးဖူးတာ မင်းယွီကပထမဆုံးပဲ …
သူက မင်းယွီအထုတ်တွေကို ကူသိမ်းပေးပြီး ...
" ဒီပစ္စည်းတွေအားလုံးက မင်းယွီအတွက် လိုအပ်တာတွေကြီးပဲ ... အကုန်သိမ်းပြီးပြီ ... အကိုတောင်ထပ်ပြီး ဝယ်ပေးနေစရာမလိုတော့ဘူး "
မင်းယွီက တိတ်ဆိတ်နေရင်းကနေ ချူးရှန့်အားကြည့်လာပြီး လေးနက်စွာဖြင့်မေးလိုက်တယ် ...
" အကို ... ကျွန်တော်ဒီကနေ ထွက်သွားလို့ရအောင် ဘယ်လိုလုပ်ရမလဲဟင် ... ဒီပစ္စည်းတွေလဲမလိုချင်ဘူး ... မကြာခင် ဒီအခန်းရဲ့တကယ့်ပိုင်ရှင်အစစ်က ရောက်လာတော့မှာ "
ချူးရှန့်သိလိုက်ပြီး ... မင်းယွီ ခုချိန်ထိ ရက်စ်ဒီကလေးက သခင်ရဲ့ကလေးဖြစ်ပြီး သူတို့အမှန်တကယ်လက်ထက်ဖို့ဆုံးဖြတ်ထားကြတယ်လို့ ယုံကြည်နေပြီး သူကအပယ်ခံတစ်ယောက်လို့ ထင်နေသေးပုံရတယ် ...
အမှန်တရားက အရာအားလုံးဟာ လှည့်ကွက်တစ်ခုသာဖြစ်ပြီး သခင်က မင်းယွီကိုပြစ်မှတ်မထားအောင်ကာကွယ်ပေးတားတယ်ဆိုတာ ဖွင့်ပြောလို့မရသေးဘူး ... သူတို့မာဖီးယားတွေက နှုတ်လုံရတယ် ... ဒီလမ်းကိုမလျှောက်ခင်က ကျိန်ဆိုထားတဲ့စကားတွေကြောင့် ချူးရှန့်လွယ်လွယ်ပြန်မပြောနိုင်ပဲ မင်းယွီအတွေးမလွန်အောင် နှစ်သိမ့်ပေးယုံသာရှိတော့တယ် ...

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein