Chapter - 60

38.7K 5.1K 737
                                    

ချူးရှန့် သူ့သခင်ရဲ့အပြုံးကိုကြည့်ပြီး မှင်သက်သွားတာထက် သူ့မျက်ဝန်းဒေါင့်ရဲ့တစ်နေရာမှာပေါ်လာတဲ့လူတစ်ယောက်ရဲ့ပုံရိပ်ကြောင့် သူ့တစ်ကိုယ်လုံးတောင့်တင်းသွားကာ လှုပ်ရှားဖို့ပင်မေ့လျော့သွားတယ် ...

မယုံကြည်နိုင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု အရာအားလုံးဟာရောထွေးနေပြီး သူများမှားမြင်မိလေသလား သူ့မျက်လုံးကိုအခါခါပွတ်ကာကြည့်မိတယ် … ပုံရိပ်ကရှိနေမြဲ … ထိုလူဟာလဲ သူ့အားစိုက်ကြည့်လာတော့မှ ချူးရှန့် ဒါကအမှန်ဆိုတာ ယုံကြည်သွားလေတယ် .....

မင်းယွီနှုတ်က ချူးရှန့်ကိုခေါ်လိုက်ဖို့ နှုတ်ဟမည်ကြံရွယ်လိုက်ပေမဲ့ သူတို့နဲ့မပတ်သပ်ဖို့ ဆုံးဖြတ်ထား၍ ရပ်တန့်လိုက်ကာ ဖန်းဂူထံလျှောက်လာပြီး သားလေးကို ဆွဲခေါ်လိုက်လေတယ် ...

" လုယီ ... ပစ္စည်းဝယ်ပေးတဲ့လူတိုင်းကို Daddy လို့မခေါ်ရဘူးလို့ ပါပါးပြောထားတယ်လေ "

ချူးရှန့်က အတန်ကြာမှင်သက်နေပြီးမှ သူ့ရဲ့ကိုယ်က လှုပ်ရှားလာပြီး သူ့အရှေ့က သားအဖထံ ဖြေဖြေးလေး တိုးသွားကာ အသံတုန်တုန်နဲ့မေးလိုက်တယ် ...

" မင်း ... မင်းယွီ ... မင်းလား "

" ဟုတ် "

ပြန်ဖြေသံကြားတော့ ချူးရှန့်က သူ့ရဲ့ပါးစပ်ကိုလက်နဲ့အုပ်လိုက်ပြီး အလွန်အံ့ဩသွားပုံပင် … မင်းယွီထိုတုန့်ပြန်မှုက ထူးဆန်းတယ်ဟုပင်ခံစားလိုက်ရတယ် … ပြီးနောက် ချူးရှန်းထံက အသံတုန်တုန်နဲ့ပြောလာသံကိုကြားလိုက်ရတယ် …

" မင်းယွီ အသက်ရှင်နေသေးတယ် "

မင်းယွီခနမျှကြောင်ကြည့်နေပြီးမှ ...

" ကျွန်တော် ဘယ်တုန်းကမှ မသေခဲ့ဘူး "

ချူးရှန့်က ပူပန်မှုတွေအားလုံးပျောက်ကင်းသွားသည့်နယ် ဒီလူသားက သူအမြင်မှားနေတာမဟုတ်သလို တခြားတစ်ယောက်လဲမဟုတ်မှန်းသိလိုက်ရတော့ မင်းယွီအား ဆွဲကာဖက်ထားမိလေတယ် ...

" အကိုအချိန်တိုင်း မင်းသေသွားပြီဆိုပြီးစိတ်မကောင်းဖြစ်နေတာ ... အချိန်တိုင်ပဲ ...  မင်းယွီရာ ... အသက်ရှင်နေတာသေးကို အကို့ကိုဘာလို့မဆက်သွယ်တာလဲကွာ "

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum