မင်းယွီနိုးထလာတော့ သူ့ရောက်ရှိနေတာက ရှန်ဖန်းဂူရဲ့ရှန်ဟွှာအိမ်တော်မဟုတ်ပဲ ထူးခြားတဲ့နေရာတစ်ခုဆိုတာ သိလိုက်ရတယ် … အခန်းကကျယ်ပြန့်လွန်း၍ ဆေးရုံလဲမဖြစ်နိုင်ဘူး …
သူလှဲနေတဲ့ ကုတင်ရဲ့မလှန်းမကမ်းမှာလဲ အမျိုးသမီး လေးယောက်ခန့်က တံခါးအခြေမှာ ရပ်စောင့်နေကြတယ် … သူတို့ပုံစံက ရဲရင့်ပျက်သားလှပြီး ရှန်ဟွှာရဲ့အထူးတပ်သားတွေဆိုတာ သိသာလှတယ် …
ကြက်သွေးရောင်နဲ့အနက်ရောင်စပ်ထားတဲ့ ယူနီဖောင်းကိုဝတ်ထားတဲ့ သူမတို့က ရှန်သခင်မမိုနန်းရဲ့ ကိုယ်ရံတော်တွေဖြစ်ကြပြီး သူတို့က မင်းယွီနိုးထလာတာကို မြင်လိုက်ရတော့ နားမှာတပ်စင်ထားတဲ့ကရိယာနဲ့ တစ်စုံတစ်ယောက်ကို အကြောင်းကြားလိုက်တယ် …
၁၅ မိနစ်ခန့်ကြာတော့ အခန်းတံခါးပွင့်လာပြီး အခန်းထဲသို့ ရှန်သခင်မမိုနန်း ဝင်လာခဲ့လေတယ် …
သူမအနောက်မှာ ပါလာတဲ့ အိမ်ဖော် ၅ ယောက်လက်ထဲမှာ စားစရာတွေတင်ထားတဲ့ လင်ဗန်းတွေကိုင်ဆောင်လာပြီး အခန်းထဲက စားပွဲပေါ်မှာ ချထားလိုက်ကြတယ် … သူမကခုံတစ်ခုပေါ်ဝင်ထိုင်လိုက်ပြီး အစောင့်တွေကို ကုတင်ပေါ်ကမင်းယွီကို တွဲခေါ်လာဖို့အမိန့်ပေးလိုက်တယ် …
မင်းယွီ ခုချိန်ထိ ဘာတစ်ခုမှနားမလည်နိုင်သေးဘူး … ပွဲထဲမှာ အရှက်ခွဲခံရတာကိုမှတ်မိတယ် … အဲ့ဒိနောက် သူ့ခေါင်းတွေမူးနောက်လာပြီး လဲကျသွားတယ် …
သူလဲမသွားခင် ဒေါသကြီးနေတဲ့တစ်စုံတစ်ယောက်ကို မြင်လိုက်ရတယ် … သူကချူးရှန့်လား ရှန်ဝေလား ဒါမှမဟုတ် သူလား … ဒါကဖြစ်နိုင်ပါ့မလား … မင်္ဂလာအခါကြီးမှာ သတို့သားက ပြဿနာရှာပါ့မလား … ဒါဆိုသူက ပွဲကို ဖျက်စီးမိသွားပြီလား …
မင်းယွီကြောက်လန့်စွာနဲ့ပဲ သခင်မကြီးအရှေ့ဝင်ထိုင်လိုက်တယ် … သခင်မကြီးက မျက်နှာတည်ငြိမ်လျှက် အရှေ့က စားစရာပန်းကန်တွေကို မင်းယွီထံ တိုးပေးကာ ဆိုလိုက်တယ် …
" မင်း တစ်နေ့လုံးနဲ့ တစ်ညလုံး ဘာမှမစားရသေးဘူး … ဗိုက်ဆာနေရောပေါ့ … ဒါတွေကို ကုန်အောင်စားရမယ် "

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein