Chapter - 63

38.8K 5.8K 1.1K
                                    

ချူးရှန့်တစ်ယောက် ကိုယ့်လက်ကိုပြန်ငေးကြည့်ကာ တွေဝေမိန်းမေားနေတဲ့ သခင်ဖြစ်သူကိုကြည့်ပြီး အံ့ဩနေမိတယ် …

ညကမိုးတွေရွာပြီး အချိန်မှီပြန်မလာမိလို့ဆူမယ်ထင်ထားပေမဲ့ ထိုအကြောင်းတစ်ခွန်းမှ မဟတဲ့အပြင် ငြိမ်သက်နေခြင်းက သူစိတ်ကြည်နေတဲ့သဘော …

" သခင် ညက တစ်ခုခုဖြစ်ခဲ့လို့လား "

ဖန်းဂူက ချူးရှန့်ထံတစ်ချက်ကြည့်လိုက်ပြီး …

" ဘာမှမဖြစ်ဘူး "

" ညကကျွန်တော်တို့ ခနလေးဆိုပြီးထွက်သွားတာ … ပြန်လာမယ်လုပ်တော့ မိုးရွာလာတာနဲ့ ဆိုင်တစ်ဆိုင်မှာထိုင်နေမိတာ … ပြန်လာတော့ သခင်တို့က အိပ်သွားကြလို့မနှိုးပဲနေလိုက်တာ "

" ရှင်းပြနေစရာမလိုဘူး … ငါစိတ်ထဲမထားဘူး … မင်းညကပြန်မလာတာကောင်းတယ် "

" …… "

ဒီနေ့သခင် ထူးဆန်းနေတယ် … ပြီးမှ ချူးရှန့်သတင်းပေးရမှာကိုသတိရသွားပြီး …

" သခင် အိမ်တော်ကြီးကိုပြန်မှရမယ် … သခင့်အဖိုးနေမကောင်းဖြစ်နေလို့ သခင့်ကို လာဖို့ခေါ်ထားတယ်  "

ဖန်းဂူခနမျှစဉ်းစားလိုက်ပြီး …

" မနက်ဖြန် သွားမယ် … ကားပြင်ထား "

" ဟုတ်ကဲ့ "

ရှန်ဟွှာအိမ်တော် …

သားလေးအိမ်တော်ကိုပြန်လာတဲ့အတွက် သခင်မကြီး ပျော်ရွှင်နေလေတယ် … သူမက ခုချိန်မှာ ကုန်တိုက်အသစ်ရဲ့ ရောင်းကုန်တွေထဲက ဖယ်ရိုမုန်းဆေးအမျိုးမျိုးနဲ့ အလှအပရေးရာထုတ်ကုန်တွေမှာတာဝန်ယူထားတယ် … ရှန်ကူးမန်ကတော့ ဥက္ကဌနေရာကနေအနားယူပြီးနောက်ရုံးမထိုင်ရတော့ပဲ  ကားနဲ့ပါတ်သပ်တာတွေကိုတာဝန်ယူပြီး ပြည်ပပို့ကုန်များအတွက် စီစဉ်ပေးရတယ် …

သူ့ရဲ့မယားငယ်ဟာ သူ့သားရှုမန်းထောင်ချခံလိုက်ရကတည်းက ကူးမန်ကိုစိတ်ဆိုးပြီး သူမရဲ့မြို့ကိုပြန်သွားလေတယ် … အဲ့ဒိအချိန်ကစပြီး ရှန်ကူးမန်ဟာ သူ့ရဲ့မယားကြီးနဲ့ဖခင်ရဲ့ရှန်ဟွှာအိမ်တော်မှာ လာရောက်နေထိုင်ခဲ့တယ် …

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum