Chapter - 46

41.4K 4.7K 743
                                    

အိမ်မက်မက်နေတာလား ... !! ဒီအရာက နာကျင်လွန်းတယ် ... ငါ့အောက်ပိုင်းသေသွားပြီလားမသိဘူး ... ငါ့တစ်ကိုယ်လုံးလဲ ထုံကျင်နေတယ် ... ဗိုက်ထဲက ကလေးလေး အသက်ကောရှိသေးရဲ့လား ... သူထွက်မလာခင် ငါအရင်ဆုံးသေသွားတော့မယ်လို့ ခံစားနေရတယ် ...

" မင်းယွီ ... အဆင်ပြေရဲ့လား ... ကိုယ်ပြောတာကြားလား ... မင်းယွီ "

တစ်ယောက်ယောက်ခေါ်နေသလိုပဲ ... ဒါပေမဲ့ ငါမျက်လုံးတွေက ဝေဝါးနေတယ် ... ငါ့တစ်ကိုယ်လုံး ရေခဲရိုက်ခံထားရသလို ခိုက်ခိုက်တုန်နေပြီ ... ဒီနေရာက ရေခဲဂူများလား ... ငါအရမ်းအေးနေပြီ ...

" မင်းကိုယ်တွေတော်တော်ပူနေတာပဲ ... အဖျားတတ်နေတာလား ... မျက်လုံးတွေပိတ်မသွားနဲ့ ... ကိုယ်ပြောတာကြားလား "

ငါမျက်လုံးတွေဖွင့်ကြည့်ပေမဲ့မရဘူး ... အဲ့ဒိအစား ဝေဝါးဝါးပုံရိပ်တစ်ခုကိုပဲမြင်နေရတယ် ... သူ့ရဲ့လက်တွေက ငါ့ပခုံးကို လှုပ်ကိုင်ထားတာ နာကျင်လွန်းတယ် ...

" ဟင်း ... ဘယ်သူကြီးလဲ ... ငါကိုလွှတ် "

ငါဘယ်ရောက်နေတာလဲ ... မစဉ်းစားချင်တာ့ဘူး ... တော်တော်ကြောက်ဖို့ကောင်းတဲ့အရာကြီးကြောင့် ငါသေရတော့မယ် ... ခေါင်းတွေမူးလိုက်တာ ...

အောက်ပိုင်းတစ်ခုလုံး တစ်စစ်စစ်နဲ့ ကိုက်ခဲနေတယ် ... ငါ ... ငါပင်ပန်းနေပြီ ... အိပ်ချင်သေးတယ် ... မျက်လုံးတွေပိတ်ထားပြီး ငါပြန်ထလာရင် ဒီနာကျင်မှုတွေပျောက်ကင်းသွားရင်ကောင်းမယ် ... နာကျင်လွန်းတဲ့ ဒီအရာက အိမ်မက်တစ်ခုသာဖြစ်ပါစေ ...

ခနကြာတော့ တုန်ခါနေတဲ့မင်းယွီကိုယ်လေးငြိမ်ကျသွားပြီး မျက်လုံးလေးတွေလဲပိတ်သွားခဲ့လေတယ် ... အချိန်အခါက မနက်မိုးလင်းနေပေမဲ့ အပြင်ဘက်မှာ မြူနှင်းတွေကျနေ၍ အုံ့ဆိုင်းနေတယ် ... ညကသွေးဆူပြီး ချမ်းမှန်းမသိ၍ အဝတ်တွေပြန်မဝတ်ပဲ အိပ်ပျော်သွားခဲ့ရာ ခုတော့ မင်းယွီတစ်ယောက် အဖျားတက်နေပြီ ...

ဖန်းဂူ ဘာလုပ်ရမည်မသိဖြစ်သွားပြီး အဝတ်ကောက်ဝတ်ကာ အိမ်ပြင်သို့ပြေးထွက်သွားလေတယ် ...

" ဆရာ ... မနက်စောစော ဘာကြောင့် ပြေးလာရတာလဲ ... လမ်းထလျှောက်မလို့လား "

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum