Chapter - 48

35.1K 3.9K 447
                                    

အမဲလိုက်ပွဲမှာကျားက ခြင်္သေ့နယ်မြေကိုပါ ထည့်သွင်းတဲ့အတွက် အားလုံးက ခြင်္သေ့ကိုဖမ်းချင်တဲ့ဇောနဲ့ ဘာမှစဉ်းစားမနေပဲ ရောက်လာကြပုံပဲ … တကယ်တော့ အဲ့ဒိနယ်ဟာ ခြင်္သေ့ရဲ့ ဟန်ပြသပ်သပ်သာဖြစ်၍ ဘယ်အရာမှရှိမနေဘူး …

ကျားက မနေ့ကညမှာပဲ ပွဲကြီးပွဲကောင်းဖြစ်လိမ့်မယ်လို့ထင်နေပုံပဲ … အရာရှိတွေက ဒီမနက်ထိရှိနေသေးပြီး သားကောင်ရဲ့အစအနကိုရှာမတွေ့ဘူးဆိုတော့ ဖန်းဂူကိုအနည်းငယ်သံသယဝင်သွားပုံရတယ် …

သူက ခြင်္သေ့အင်အားကြီးမှန်းသိတယ် … ဒါကြောင့် ခင်္သြေ့နယ်မြေထဲကို ဝင်လာသူတိုင် အသက်မရှင်နိုင်ဘူးလို့တွေးထားပေမဲ့ အရာအားလုံးကဖြစ်မလာခဲ့ဘူး …

" ရှန်ဖန်းဂူ … မင်းညကမလှုပ်ရှားဘူးလား "

ဂျိုးလ်က ပတ်ဒိုမင်းကိုကြိုဖို့ အပြင်ထွက်သွားတော့ အန်းဂါးလ်က ဖန်းဂူကို မေးလိုက်ခြင်းဖြစ်တယ် … ဖန်းဂူက ခုံပေါ်မှာ ခြေတစ်ဖက်ချိတ်ထိုင်လျှက် လက်တစ်ဖက်က သေနတ်ကိုလှည့်ကာ ကစားနေပြီး ကျန်တစ်ဖက်က စီးကရက်တစ်လိပ်ကိုဖွာရင်း ဂရုမစိုက်သည့်ဟန် ပြန်ဖြေလိုက်တယ် …

" Mr.အန်းဂါးလ် … ကျွန်တော်က ဒီပွဲမှာ ပွဲကြည့်တစ်ယောက်အဖြစ်ပါဝင်တာ … ခများထင်သလိုဖြစ်လာမယ်ထင်နေလား "

ကျားရဲ့မျက်လုံးတွေရဲကနဲဖြစ်သွားတယ် … သူဘယ်လောက်ထိ ဒေါသထွက်သွားလဲသိသာလွန်းတယ် … အသက် ၅၀ ကျော်ပြီဖြစ်တဲ့ကျားကြီးက ရှန်ဖန်းဂူ အဖိုးနှင့်ပင်ရွယ်သူလောက်ထင်ရစေတယ် … သူ့မှာဒီလောက် လောဘ ဒေါသတွေများနေတာ သူ့ရဲ့ရုပ်ကလဲ သူ့စိတ်အလိုက်ပြောင်းလဲသွားပုံရတယ် …

သူက ရှန်ဖမ်းဂူကိုကြည့်ပြီး မကျေမနပ်နဲ့ဆိုလာတယ် …

" ရှန်ဖန်းဂူ … မင်းကငါ့ရဲ့သမက်လောင်းဖြစ်ပြီး ဘာကြောင့်ဒီလောက်လေးတောင်အသုံးမကျတာလဲ… ဟမ် … မင်းအဲ့ဒိအစေခံကိုခေါ်ပြီး ထွက်သွားမှန်းငါသိတယ် "

ဒီတစ်ခါဖန်းဂူအေးဆေးမနေနိုင်တော့ပဲ သူ့ရဲ့အရာအားလုံးကရပ်တန့်သွားလေတယ် … သေချာတာပေါ့ ဒီကိစ္စကို သူ့ရဲ့သမီးချောလေး ကျားမက တိုင်လိုက်တာပဲဖြစ်ရမယ် … ဖန်းဂူကလဲ ဒီသားအဖပေါ် သည်းခံစိတ်မထားနိုင်တော့ဘူး …

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum