အမှောင်ယံည …
လဆန်း ၁ ရက်နေ့ဟာ လပြည့်ညကဲ့သို့ လမင်းကြီးသည် ကောင်ကင်မှာ ထွန်းလင်းမနေတော့၍ တောကြီးအတွင်း၌ တိတ်ဆိတ်ကာ မဲမှောင်လျှက်ရှိနေတယ် … ကိုယ့်လူ သူ့လူ မခွဲခြားနိုင်သလို မဲမဲမြင်အကောင်ထင်ပြီး ပြစ်ခပ်နေတဲ့ ဒီပွဲက လူသတ်မိလျှင်တောင် ပြစ်မှုမမြောက်၍ လုပ်ကြံသတ်ဖြတ်ဖို့ အကောင်းဆုံးအချိန်အခါလဲဖြစ်တယ် …
ပွဲစပြီးများမကြာမှီမှာပဲ တိတ်ဆိတ်နေတဲ့တောကြီးအတွင်းမှာ သေနတ်သံများ အစဉ်မပျက်ကြားလာရပြီး ခြုံခိုအဖွဲ့တွေ ထွက်ပေါ်လာခဲ့တယ် … အဖွဲ့သားတွေကို သာမာန်မြေခွေးအုပ်စုနဲ့တိုက်ခိုက်စေပြီးနောက် ဂျိုးလ် ပတ်ဒိုမင်းနှင့် ရှုယွမ်တို့ ၃ ယောက်ဟာ ခြင်္သေ့ရှိနိုင်မည်ထင်သည့် နယ်မြေသို့ ထွက်ခွာလာခဲ့ကြတယ် …
သူတို့နည်းသူ ခြင်္သေ့ကို ရှာဖွေဖို့ တချို့ တချို့သောအုပ်စုများလဲ ထိုနယ်မြေသို့ ရောက်လာကြတယ် … သန်ခေါင်ယံမတိုင်မှီ အချိန်မှာပဲ ထိုနယ်မြေအတွင်းများပြားလှသော လူများ ရောက်လာကြပြီး အားလုံးကတစ်ယောက်ကိုတစ်ယောက် မတိုက်ခိုက်ကြသလို သူတိုရှာနေတဲ့ပြစ်မှတ်ကလဲ တစ်ခုတည်းသာလျှင်ဖြစ်နေတယ် …
ခုအချိန်အခါက လရောင်ကလဲ ထွက်ပေါ်လာပြီဖြစ်၍ အားလုံးကို ရှင်းလင်းစွာမြင်နေရတယ် … ရှုယွမ်တို့အဖွဲ့က လူအုပ်ထဲမရောပဲ တောရဲ့အစပ်က သစ်ပင်ကြီးအောက်မှာရပ်နေပြီး ခြင်္သေ့ထွက်အလာကို စောင့်နေလိုက်တယ် …
" ရှုယွမ် … မင်းဒီနယ်မြေအကြောင်း ဘာသိထားတာရှိသေးလဲ "
ရှုယွမ်က တိတ်ဆိတ်စွာရပ်နေပြီး ပတ်ဒိုမင်းရဲ့ အမေးစကားကိုကြားလိုက်ရတော့ …
" ကျွန်တော် ဘာမှသိထားတာမရှိဘူး … ဒီနယ်မြေကိုရောင်ဖူးတာ ပထမဆုံးပဲ "
ဂျိုးလ်က ပြောလာတယ် …
" Mr.ပတ် … ဒီပွဲက ထူးဆန်းမနေဘူးလား … အမဲလိုက်ပွဲဆိုပေမဲ့ အားလုံးရဲ့ပြစ်မှတ်က ခြင်္သေ့တစ်ကောင်းတည်းဖြစ်နေတယ် … ကျွန်တော်အဓိကဖြစ်စေချင်တာက နယ်စပ်မှာတောင်းကျန်းနေတဲ့သူတွေကို ဖမ်းစီးပြီး ပြည်သူတွေ ငြိမ်ချမ်းစေဖို့ပဲ … ခြင်္သေ့ဆိုတာက အင်အားကြီးပြီး သူဘာသာနေတဲ့ရန်သူ … နိုင်မည်မနိုင်မည်မသေချာပဲသွားစွတာထက် ဒီအမှိုက်တွေကို ရှင်းပြစ်ဖို့ကပိုအရေးကြီးတယ် "

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein