" ပါပါး ... ပါပါး "
" ပတ်ဆူးယောင် ... ပတ်ဆုန်းချူ "
လူတစ်ယောက်ရဲ့ပြုံးနေတဲ့ပုံရိပ် ... သူ့ရဲ့အရှေ့မှာ လှပတဲ့အမျိုးသမီးတစ်ဦးရပ်နေတယ် ... သေးငယ်တဲ့ကလေးလေးတွေက လက်ချင်းယှက်လျှက် သူ့ရဲ့ဘေးမှာပျော်ရွှင်စွာ ဆော့ကစားနေကြတယ် ... ကလေးတွေက သူမရဲ့အော်သံကိုပင်ကြားဟန်မတူ ... သူမက ထိုမြင်ကွင်းလေးကိုပြုံးကာကြည့်နေပေမဲ့ သူမမျက်ဝန်းတွေက အရည်လဲ့လို့နေတယ် ...
" ယီယီ ... သားလေးကို ခေါ်မသွားပါနဲ့လားကွာ "
ထိုစဉ်သူမရှေ့ကလူက ဝမ်းနည်းစွာဖြင့်ပြောလာတယ် ... ထိုအခါ သူမက ...
" ရှင်သမီးလေးကိုခေါ်ထားမှာဆို ... ကျွန်မက သားလေးကိုခေါ်သွားမယ် ... ပါးတို့က ကျွန်မတို့ရင်သွေးလေးတွေကို ကြည့်ချင်နေကြတယ် "
" ဒါ ... ဒါပေမဲ့ မသွားလို့မရဘူးလား ... ကိုယ်အလုပ်အားမှ အတူတူသွားရအောင် "
" ရှင်က ဘယ်တော့အလုပ်အားမှာလဲ ... ကလေးတွေလဲ ၅ နှစ်အရွယ်ရောက်နေပြီ ... သူတို့ A မြို့ကို တစ်ခါမှ မရောက်ဖူးသေးဘူး ... ကျွန်မနဲ့သားလေးသွားနှင့်မယ် ... ရှင်နဲ့သမီးလေး နောက်မှလာခဲ့ပေါ့ "
သူမက သားလေးလက်ကို ဆွဲကာ ကျောခိုင်းလိုက်တယ် ... ဆူးယောင်နဲ့ ဆုန်းချူက လက်ချင်းယှက်တွဲထားလျှက် မခွဲချင်၍ အော်ငိုနေရှာတယ် ...
ဖခင်ဖြစ်သူက သားလေးကို ပွေးချီလိုက်ပြီး ...
" ပါးနဲ့ညီမလေး အနောက်ကလိုက်လာခဲ့မယ် ... သားလေး ဖိုးဖိုးအိမ်သွားနှင့်နော် "
ကလေးလေးက ချက်ချင်းပဲအငိုတိတ်သွားတယ် ... အနောက်ကလိုက်လာဖို့ အထပ်ထပ်ကတိတောင်းပြီးနောက် သူတို့ကိုကျောခိုင်းကာ ထွက်ခွာသွားကြလေတယ် ... မင်းယွီထိုမြင်ကွင်းကို ပြတ်သားစွာမြင်နေရပြီးနောက် တဖြေးဖြေးပျောက်ကွယ်သွားလေတယ် ... ဒါက သူ့အတိတ်ကိုအိမ်မက်ကမ္ဘာထဲမှာ မြင်နေရတာပထမဆုံးပဲ ...
တဖြေးဖြေးမင်းယွီအသိပြန်ဝင်လာပေမဲ့ သူ့ရဲ့မျက်ခွံတွေက လေးလံနေဆဲ ... နိုးထ၍ မရတဲ့အဆုံး ထပ်မံအိပ်ပျော်သွားလေတယ် ... ဒီတစ်ကြိမ် သူမြင်မက်နေရတဲ့အိမ်မက်က သွေတွေရဲနေတဲ့ ဝမ်းဗိုက်ကို လက်နဲ့ဖိထားလျှက် လဲကျနေတဲ့ လူတစ်ယောက် ... သူရဲ့နှုတ်မှ ရွတ်ဆိုလိုက်တဲ့ နာမ်စားတစ်ခုက ' သား ' ဟူ၍ ...

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein