part 13

23.4K 1.9K 89
                                    

"အပြင်မှာ ဘယ်သူမှမရှိဘူးလား "

ခွန်းအသံကြား၍ ၀င်လာသော လူနှစ်ယောက်သည်
စေတမာန်၏ လက်မောင်းနှစ်ဖက်အား တစ်ယောက်တစ်ဖက်စီ ချုပ်ထားကြလေ၏။
ထိုလူများ၏ လက်မှလွတ်မြောက်ရန် ရုန်းကန်နေသော်လည်း ခွန်အားခြင်းမမျှ၍ လှုပ်မရနိုင်အောင်ရှိလေသည်။ ထို့နောက်" ဧည့်သည့်ကို ပြန်ပို့ပေးလိုက် " ဟူသော  ခွန်း၏  အသံတစွန်းတစကိုသာ ကြားခဲ့ရသည်။
ချုပ်ကိုင်ထားသော လူများကြားမှ ရုန်းကန်နေရင်း...

"ငါမပြန်ဘူး ။ ခွန်း...ငါ့ကိုလွှတ်စမ်း"

"အထိနာထားတဲ့ ခွေးရူးတွေဆိုတာ ဒီလိုပါပဲ...သေချာ ပြန်ပို့ပေးလိုက်၊ မပြန်ဘဲ ဂျစ်ကန်ကန်လုပ်နေရင် နည်းနည်း ဆုံးမပေးလိုက်"

ခွန်း၏ အမိန့်ပေးသံအဆုံး၌ ထိုလူနှစ်ဦးမှာ သူ့အား အိမ်အတွင်းမှဆွဲထုတ်၍ ခြံထဲသို့ရောက်သည်နှင့် ၀မ်းဗိုက်နေရာသို့ အဆက်မပြတ်ဝင်လာသော လက်သီးချက်များဖြင့် ပြုမူလေတော့သည်။ပြန်၍ခုခံသော်လည်း များလွန်းလှသောလူများကြောင့် ပါးစပ်တွင်းမှ သွေးများယိုဖိမ့်လာကာ မြေပြင်ပေါ်သို့လဲကျသွားလေ၏။ မျက်လုံးတို့အား ဖြေးညှင်းစွာဖွင့်ကြည့်ရင်း နားထဲသို့ဝင်လာသော အသံသေးသေးလေးကိုသာ နာကျင်စွာနားစွင့်
နေမိသည်။ လဲကျသွားသော သူ့ကို ထိုလူများက ခြေထောက်များဖြင့်
ဝိုင်း၍ကန်ကျောက်ကာ ညှင်းပန်းနှိပ်စက်လေ၏။မျက်လုံးတို့အား ဖြေးညှင်းစွာဖွင့်ရင်း နားထဲသို့ဝင်လာ
သော အသံသေးသေးလေးကိုသာ အမှတ်မရှိသော နှလုံးသားက နာကျင်စွာ တောင့်တမိပြန်သည်။

"တော်ကြတော့... ခြံညစ်ပတ်တယ် ။ အပြင်ထုတ်လိုက်တော့..."

သူ ယုံကြည်ထားခဲ့သော အချစ်တို့ တစ်စစီ ကွဲကြေပျက်စီးသွားခဲ့လေပြီ။ ရက်စက်စွာ လှည့်စားခဲ့သော ခွန်း၏ အမိန့်စကားတိုင်းသည် သူ့နှလုံးသားကို အရှင်လတ်လတ် ဓားနှင့်မွှန်းနေသကဲ့သို့ တဆစ်ဆစ် ကိုက်ခဲစွာ နာကျင်စေသည်။ အရာအားလုံးနှင့်ပင်လဲကာ ရွေးချယ်ခဲ့သော ချစ်ရသူ၊ ခွန်းသာလျှင် သူ့ဘ၀ရဲ့ပဲ့ကိုင်ရှင်၊ ခွန်းမှသာလျှင် သူ၏ ယောက်ျားဆန္ဒတို့ဖြစ်ပေါ်တည်ရှိရာ ... ။ခွန်းမဟုတ်လျှင် မထိတွေ့မကိုင်တွယ်နိုင်ခဲ့သော သူ၏သစ္စာတရား... ထိုအရာအားလုံးတို့ကို ရိုက်ချိုးဖျက်စီးခဲ့လေသူ...။

Hate fire ( Zawgyi and Unicode) Where stories live. Discover now