" ခွန်းစစ်!!!... "" ကို ကို "
ထက်ဝီရအား သတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေသော်လည်း ခွန်းလက်ကိုသာဆွဲကာထိုအခန်းထဲမှရုန်းထွက်လာခဲ့သည်။လမ်းသေချာမလျှောက်နိုင်သောခွန်းသည်ခြံဝန်းထဲ၌ ရပ်ထားသော စေတမာန့်ကားပေါ်သို့ တရွတ်တိုက်သာ ပါသွားလေ၏။
သတိုးသည် သူ့အား ထူးထူးဆန်းဆန်းဆက်သွယ်ကာသူ၏အိမ်သို့လာခဲ့ရန်
ခေါ်သော ကြောင့် စိတ်ထဲ၌အံ့ဩမိနေသည်။ သတိုးနှင့်သူ၏ဆက်ဆံရေးသည် ထိုမျှလောက်ထိ ရင်းနှီးနေစရာအကြောင်းမှမရှိဘဲလေ ။"ခင်ဗျား လာမှအားလုံးကိုအမှန်အတိုင်းသိရမှာ၊ ကျွန်တော့်ညီဆိုပေမယ့် အခုလို အောက်တန်းကျတဲ့ လုပ်ရပ်မျိုး အိမ်ပေါ်တက်ပြီးလုပ်နေတာကို ခွင့်ပြုပေးထားရလောက်တဲ့အထိတော့ကျွန်တော်တို့သဘောထားမသေးသိမ်သေးဘူး ကိုစေတမာန်"
သူဘာပြောချင်နေသည်လဲသေချာစွာမသိသော်လည်း
ကျွန်တော့်ညီဆို သောစကား...၊ဒါခွန်းကိုပြောတာမလား၊ခွန်းဘာများဖြစ်လို့လဲဟူသောမသေချာသည့်အတွေးတို့၏နောက်ကွယ်မှပူပန်နေသောစိတ်ကိုအမှောင်ဖုံး ကာဦးထွဋ်ခေါင်အိမ်သို့သာအပြေးသွားမိလေသည်။ ထို့နောက်ဧည့်ခန်း၌ မျက်နှာပျက်ယွင်းနေသော သတိုးညွှန်ရာအခန်းထဲသို့ဝင်ကြည့်မိချိန်သည် သူ့ဘ၀၌ဒုတိယအကြိမ်ကမ္ဘာပျက်ခဲ့ရခြင်းပေလား။ထက်ဝီရအောက်မှလူးလွန့်နေသောခွန်း၏ဟန်ပန်သည်နှလုံးသားအားသွေးစိမ်းရှင်ရှင်ကျစေချင်သောရည်ရွယ်ချက်နဲ့များ ဓားဖြင့်မွှန်းနေသယောင်ပါပဲ။စူးနင့်နေသောခံစားချက်ကြောင့်တဆစ်ဆစ်နာကျင်ရပါသောနှလုံးသားလေးသက်သာလို သက်သာငြား ဒေါသမီးတို့ဖြင့် အဆုံးသတ်လိုက်ချင်မိသည်။မရက်စက်လွန်းဘူးလား ခွန်းစစ်...မင်းလုပ်ရပ်တွေက ငါ့အတွက် ရွံစရာကောင်းအောင် ရက်စက်လွန်းတယ် ။
"ကိုစေတမာန်... ပိုက်ဆံပြန်ယူသွားပါဦး"
" ဒီပိုက်ဆံက "
"ခွန်းယူလာတာ...သူ့မိန်းမနဲ့ကလေးအတွက်
ကိုစေတမာန့်ဆီကခိုးလာတယ်ထင်တာပဲ၊ အရင်ကလည်း အဖေ့ဆီက သိန်း ၁၀၀၀ ခိုးဖူးတယ် ပြီးတော့ ပြင်ဦးလွင်ဘက်ကိုငွေလွှဲထားတာတွေ့တာပဲ..."
ČTEŠ
Hate fire ( Zawgyi and Unicode)
Beletrieလေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရိမ်မိသည်။ လေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရ...