part 2

43.4K 2.9K 23
                                    

စေတမာန်တစ်ယောက်စာကြည့်ခန်းထဲ၌တောင်လိုပုံနေသောအလုပ်တို့ကို အပြီးသတ်နေရသည်။အလုပ်များအားပစ်ပယ်ကာခွန်းဆီသို့သာစိတ်ရောကိုယ်ပါရောက်နေခဲ့သည်မဟုတ်လား...။သူဆိုသည်က မှောင်ခိုလောကတွင် demon ဟူသောနာမည်တစ်လုံးနှင့် ထင်ရှားနေခဲ့သော်လည်း အလင်း၏ တစ်ဖက်ခြမ်းတွင်တော့
Manm Group ၏ CEO "စေတမာန် " အဖြစ်သာအားလုံးက သိရှိထားကြခြင်းပင်ဖြစ်သည်။

"ကိုမာန်... ကျွန်တော်ပါ "

တံခါးခေါက်သံနှင့်အတူ ထွက်ပေါ်လာသော အသံချိုချိုလေးကြောင့် ခေါင်းတစ်ချက်မျှမော့ကြည့်ကာအထဲသို့ဝင်လာစေရန်အမိန့်ပေးလိုက်သည်။ ညှို့အားပြင်းသောမျက်ဝန်းများနှင့်အကြည့်ချင်းမဆုံစေရန်လုပ်လက်စအလုပ်ကိုသာအာရုံစိုက်ဟန်ပြုလေသည်။ထိုသို့ပြုမူလေတော့ ဇွဲထက်ဟူသောအတွင်းရေးမှူးကောင်လေး၏နှုတ်ခမ်းတို့ကအလိုမကျစွာတွန့်ချိုးလျက်ချစ်ရသူ၏နာက်ကျောဘက်တွင်နေရာယူကာလက်ချောင်းဖြူဖြူသွယ်သွယ်လေးများကစေတမာန်၏အင်္ကျီရင်ဘတ်ပေါ်မှကြယ်သီး
လေးများအားရန်မူနေလေတော့၏။ဆေးလိပ်နံ့သင်းနေသောနှုတ်ခမ်းညိုညိုလေးများက
စေတမာန်၏လည်ပင်းတ၀ိုက်ကိုသိပ်ကိုလှပလွန်းသည့်ပျားတစ်ကောင်ပမာပျံဝဲနေလေ၏။ ဇွဲထက် သည်စေတမာန်၏တရားဝင်လုပ်ငန်းများသာမက တရားမ၀င်မှောင်ခိုလုပ်ငန်းများပါမကျန် လုပ်ငန်းအားလုံးအား အကွက်စေ့အောင် စီမံတတ်သူပင်ဖြစ်သည်။ငယ်စဉ်ကလေးဘ၀မှစ၍စေတမာန်၏ဖခင်ဦးခက်မာန်၏မွေးစားခြင်းကိုခံခဲ့ရချိန်မှ အစပြုကာ ဇွဲထက်ဆိုသောလူသားမှာ စေတမာန်၏အရိပ်ဖြစ်ခဲ့၏။ ဇွဲထက်ကိုယ်တိုင်သည်လည်းထိုအရိပ်ကို နှစ်သက်စွဲလမ်းခဲ့ရသည်။ထိုအရိပ်ပိုင်ရှင်သာမိမိဘ၀၊မိမိနှလုံးသား၏သခင်ဖြစ်ခဲ့ရကြောင်းကိုထိုအရိပ်ပိုင်ရှင်
စေတမာန်ကိုယ်တိုင်တောင် သိပါရဲ့လား။

"ဇွဲထက် တော်တော့ ငါ အလုပ်လုပ်နေတယ် "

"ကိုမာန်ကလည်း အလုပ်တွေက အချိန်မရွေးလုပ်လို့ရတာပဲ... ကိုမာန် ပြောတော့ ကျွန်တော့်ကို ကိုမာန့် ချစ်သူ ဖြစ်ခွင့်ပေးမယ်ဆို "

" ချစ်သူ...အင်း ချစ်သူ... ဒါပေမယ့် အခုအလုပ်များနေတယ် ။ "

ဇွဲထက်မျက်လုံးအစုံတို့က ချစ်သူ၏စာကြည့်စားပွဲပေါ်တွင်ထောင်ထားလျက်ရှိနေ
သောဓာတ်ပုံလေးဆီသို့အကြည့်ရောက်သွားလေသည်။ဓာတ်ပုံထဲ၌ကောင်လေးတစ်ယောက်ကိုကျောပိုးထား
သောခန့်ညားလှသည့်ယောက်ျားမှာဇွဲထက်၏ချစ်ရသူပါ
လေ...။ကျောပိုးခံရသည့်ကောင်လေးမှာတော့ စံအိမ်တော်ကြီး၏မြေအောက်ခန်းထဲ၌ဒဏ်ရာအလိမ်းလိမ်း၊သွေးအလူးလူးဖြင့် အလုအယက် အသက်ရှုနေရသော ကောင်လေးဖြစ်ကြောင်းကိုလည်း ဇွဲထက် အသိဆုံးဖြစ်ပေ၏ ။ ချစ်ရသူ၏ကျောပြင်ပေါ်မှ ကောင်ငယ်လေးမှာ အဖြူစင်ဆုံးပြုံးပြနေသော်လည်းသူ၏မျက်ဝန်းထဲ၌
ထိုကောင်လေးအားအမုန်းမီးတောက်နေသောမျက်လုံးများဖြင့်သာပြန်လည်တုံ့ပြန်နိုင်ခဲ့သည်။

Hate fire ( Zawgyi and Unicode) Tahanan ng mga kuwento. Tumuklas ngayon