part 65

18.8K 1.5K 126
                                    


မူးဝေနေသောခံစားမှု၊နောက်စေ့မှနာကျင်သောဝေဒနာဖြင့်နိုးထလာသော စေတမာန်၊နာကျင်နေသောဦးခေါင်းအားလက်ဖြင့်ထိရန်ကြိုးစား
သော် လည်းတင်းကျပ်နေသောခံစားမှုနှင့်အတူလက်နှစ်ဖက်သည်လည်းလှုပ်ရှား၍ပင်မရခဲ့ပေ။ကျောအောက်တွင်နူးညံ့နွေးထွေးနေသောအထိအတွေ့ ကြောင့်မွေ့ရာထက်တွင်ရောက်ရှိနေသည်ကိုတော့ခန့်မှန်းမိသည်။ မျက်လုံးထက်တွင် အ၀တ်စတစ်ခုဖြင့်စည်းနှောင်ခံထားရမှုကြောင့် အလင်းဟူ၍ဗလာနတ္ထိ။အလင်းမဲ့နေသောကမ္ဘာငယ်တွင်ခွန်းနှင့်သားငယ်ကိုသာစိုးရိမ်ခြင်းကြီးစွာစိတ်ပူနေသော်လည်း သူကိုယ်တိုင်သည်က မတတ်သာမစွမ်းသာသည့်ဘ၀တွင်ဖြစ်နေပေ၏။အချိန်အနည်းငယ်မျှကြာသော်တံခါးဖွင့်သံနှင့်တကွဖိနပ်ရှပ်တိုက်သံသဲ့သဲ့ကြောင့်တဖက်သို့ခေါင်း လေးစောင်းကာအသံလာရာသို့ နားစွင့်နေလေသည်။

"ကိုမာန်... ကိုမာန် နိုးနေပြီလား "

ဟုဆိုကာအနားသို့ပြေးလာသောသူမှာဇွဲထက်ဖြစ်နေသည်ကိုအကြားအာရုံတို့ကသက်သေပြုနေ၏။သူ၏မျက်လုံးတွင်စည်းနှောင်ထားသောအ၀တ်စအား
ဖြေပေးသောဇွဲထက်၏ စိုးရိမ်လွန်နေသည့်မျက်ဝန်းတို့ကမျက်ရည်တို့ဝေ့သီနေခဲ့သည်။

"ကိုမာန်.... အရမ်းနာနေလားဟင် "

ဟူ၍ထပ်ခါတလဲလဲမေးကာ လဲလျောင်းနေသောခန္ဓာကိုယ်အား ဖေးမကာဖြင့်ထိုင်စေခဲ့သည်။ကိုယ်တိုင်စည်းပေးထားသောဦးခေါင်းထက်မှပက်တီးဖြူဖြူလေးပေါ်တွင်လက်ကလေးများကနူးညံ့စွာပြေးလွှား
နေလေ၏။

"ကိုမာန်... တောင်းပန်ပါတယ်နော်၊ ကျွန်တော့်ကြောင့် ကိုမာန် အရမ်းနာသွားပြီ"

စိုးရိမ်စွာပြောလာသော စကားတို့၏အဆုံးတွင်မျှော်လင့်ထားသည့်အတိုင်း ချစ်ရသူ၏ မီးတောက်နေသည့် မျက်ဝန်းများကိုသာပြန်လည်ရရှိခဲ့လေ၏။

"ငါ့လက်ကို ဘာလို့ကြိုးနဲ့ချည်ထားတာလဲ၊အခုချက်ချင်းဖြုတ်ပေး..."

တင်းမာနေသောအသံတို့၏ဒေါသအတိမ်အနက်ကို
ဇွဲထက်ခန့်မှန်းပြီးသား ဖြစ်နေလေပြီ။စေတမာန်ထွက်ပြေးမည်စိုးရိမ်သောကြောင့်ယခင်ကမှောင်ခိုအရောင်းအ၀ယ်လုပ်ခဲ့သောစက်ရုံနှင့်တွဲစပ်ထားသည့်အိမ်ကြီးဆီသို့သာခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။အပြင်တွင်တပည့်များနှင့်လုံခြုံရေးအပြည့်အ၀ချထားစေကာစေတမာန် ထွက်မပြေးနိုင်ရန် ကြိုတင်စီမံထားလေသည်။

Hate fire ( Zawgyi and Unicode) Where stories live. Discover now