" ကိုမိုး "
" ကလေး ... "
ထက်မြတ်ရင်ထဲ၌တင်းကျပ်မှုတို့ကဘာနှင့်မျှနှိုင်းယှဉ်
ဖော်ပြ၍မရနိုင် လောက်အောင်စို့နစ်မှုတို့ကအတိုင်းအတာမရှိ။လောကကြီးထဲမှထွက်သွား ပြီဟုထင်နေမိသောချစ်ရသူအသက်ရှင်လျက်ပြန်လည်
ရောက်ရှိလာသည့်အတွက်သူပျော်နေရမည်မဟုတ်ပါလား။မည်သည့်အတွက်ကြောင့်တင်း ကျပ်သောခံစားမှုတို့က ပြေပျောက်သွားခြင်းမရှိရပါသနည်း...။"ကလေး ဘာတွေတွေးနေတာလဲ၊ ညီလေးရော...သူ အိမ်ပြန်ရောက်ပြီလား၊ ကိုယ်...ကိုယ်သူ့ကို သွားကြိုတာလေ၊ ဒါပေမဲ့ ကိုယ်နိုးလာတော့ပြင်ဦးလွင်ဆေးရုံရောက်နေတယ်၊ ဘယ်လိုကနေ..."
"ကိုမိုး... မာန်လွတ်လာတဲ့နေ့ကတည်းက ကိုမိုး ပျောက်သွားတာ၊ ဒီနေ့နဲ့ဆို ၈နှစ်...၈နှစ်ရှိပြီ"
မိုးတမာန်သည် ပတ်တီးဖြူဖြူတို့စည်းထားသောခေါင်းကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်းဖြောင့်တန်းနေသော မျက်ခုံးတို့မှာလည်းတွန့်ချိုးလျက် ရှိနေ၏။
"ကိုယ်မသိဘူး၊အဲ့နေ့ကညီလေးကိုသွားကြိုမလို့အိမ်ကထွက်ခါနီး
ခွန်းစစ်ဖုန်းဆက်တယ်၊ကိုမိုးကားကို တစ်ခုခုလုပ်ထားကြတယ်တဲ့... သူပြောတဲ့စ ကားကို ကိုယ်မယုံခဲ့ဘူး။လမ်းရောက်တော့ကိုယ်ဘရိတ်လုံးဝမမိတော့ဘူး၊ အဲ့ဒီနောက်ပိုင်း ဖြစ်ခဲ့တာတွေကိုယ်ဘာမှမသိတော့ဘူး ...""ဒါဆိုခွန်းက ကိုမိုးကိုကယ်ခဲ့တယ်ပေါ့၊ကိုမိုးကဘာလို့ခွန်းစကားကိုမယုံပေးခဲ့တာလဲ..."
"ကိုယ့်ကားကိုမနက်တိုင်းစစ်ဆေးပေးနေကြ လူက ဇွဲထက်ဖြစ်နေလို့ပေါ့၊ အဲ့ဒီနေ့မနက်ကပဲကားကိုအားလုံးစစ်ဆေးပြီးကြောင်းဇွဲထက်ကိုယ်တိုင် ပြောခဲ့တာ... "
"ဟမ်!... ဇွဲထက်... ဇွဲထက်ကများ..."
"ကိုယ်တို့အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြတာပေါ့၊ အချိန်ကအဖြေပေးသွားပါလိမ့်မယ် "
"ဟုတ်... ဒါဆို ခွန်းလုပ်ခဲ့တာမဟုတ်ဘူးပေါ့၊ ပျော်လိုက်တာ၊ သူတို့မိသားစုလေး ပြန်အဆင်ပြေသွားတော့မယ် "
YOU ARE READING
Hate fire ( Zawgyi and Unicode)
General Fictionလေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရိမ်မိသည်။ လေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရ...