part 27

25.8K 2.2K 173
                                    

ကျောရိုးတစ်လျှောက် စူးအောင့်နေသော နာကျင်မှုနှင့် နိုးထရသော ခွန်း၏တနေ့တာ မနက်ခင်းလေးတွင် အေးစက်နေသောခုတင်တစ်ခုသာ အနားတွင် အဖော် တစ်ယောက်အဖြစ်ရှိနေလေ၏။ တိတ်ဆိတ်လှသော အခန်းဝယ်ထွက်ပေါ်လာသော နှိုးစက်သံမှာ ခြောက်ခြားလွန်းလှသည်။ ပြတင်းတံခါးမှတဆင့် အလုအယက်တိုးဝှေ့လာကြသော လေပြေညှင်းကလေးများက 'ခွန်း အဆင်ပြေရဲ့လား' ဟုတိုးညှင်းစွာဆိုလေတော့ ' ငါလိုချင်တာ မင်းတို့ဆီကကြင်နာမှုနဲ့စကားသံလေးမဟုတ်ဘူး၊ နူးညံ့လွန်းတဲ့နွေးထွေးမှု မဟုတ်ဘူး ' လို့ အားမနာစွာတုံ့ပြန်မိသောကြောင့် စိတ်ဆိုးကာထွက်ခွာသွားသော လေပြေညှင်းလေးများ... ။ သူတို့လေးများထွက်ခွာသွားသောအခါမှ အထီးကျန်မှုမိစ္ဆာဆိုးက ခွန်းအား ခြောက်လှန့်နေတော့သည်။

ခန္ဓာတစ်ခုလုံးအား ကိုင်ရိုက်ထားသကဲ့သို့ နာကျင်နေသော ဝေဒနာကို လျစ်လျူရှုရင်း တနေ့တာ ငရဲခန်းကို စတင်ရန် ခွန်း ထိုအိပ်ရာထက်မှ ထရန် ကြိုးစားရတော့မည်။

မညှာတာစွာ ကြမ်းတမ်းမှုများကြောင့် တညတာလုံး သတိလစ်မေ့မျောသွားသော ခွန်း ကို မိုးလင်းတဲ့ထိ စောင်တောင် ခြုံပေးဖော်မရဘဲ ထားပစ်ခဲ့သော ခွန်း ၏ ကိုကို...။

ဘယ်လိုရက်စက်လွန်းလှသည့် နတ်ဆိုးမျိုးကများကိုကို့ နှလုံးသားကို အုပ်ချုပ်နေပါသလဲ...။

ထိုနတ်ဆိုးအုပ်စိုးနေပါသော ကိုကို့နှလုံးသား တိုင်းပြည်မှာ ခွန်းကတရားခံအကျဉ်းသား တစ်ယောက်ထက် မပိုနိုင်တော့ပါလား...

အင်အားချည့်နဲ့၍ ယိုင်နဲ့နေသော ခန္ဓာကိုယ်ကို အားယူထရင်း အ၀တ်ဟူ၍ ဗလာနတ္ထိ ဖြစ်နေသော ခွန်း အတွက် ပထမဦးဆုံး အ၀တ် ၀တ်ရပေဦးမည်။ ကိုကို့ အငွေ့အသက်လေးတောင် ကပ်ကျန်မနေတော့တဲ့ ထို အခန်းကြီးထဲမှာ ခွန်း တစ်ယောက်တည်း အသက်ရှုနေရတယ် ။

နာကျင်မှုအား အံတုကာ ထရင်းအကြည့်တို့က
ခြေထောက်လေးပေါ်ကျရောက်သွားချိန်တွင်တော့ ခြောက်ကပ်နေသော သွေးစီးကြောင်းလေးက 'မင်္ဂလာပါ ခွန်း ' လို့များ နှုတ်ဆက်နေသလား။

အရင်လိုတောင် ကိုထက် ကို မခေါ်ပေးတော့ဘူးပေါ့ နော်...။

သတိလစ်နေတဲ့ ခွန်း သတိပြန်လည်မလာမှာတောင် စိတ်မပူလို့ ဒီတိုင်း ထားပစ်ခဲ့တာပေါ့ နော်...။

Hate fire ( Zawgyi and Unicode) Where stories live. Discover now