"သားကကျောင်းပိတ်ရက်မို့သားဆရာကို အလည်ခေါ်လာတာလား ... "
" ဖီ ဖီ... ဒက် ဒီ လေ..."
"လွမ်းရိပ်လေး... ပြန်လာပြီလား၊ ဧည့်သည်လည်း ပါလာတာကိုး၊ ခွန်းဘာလုပ်နေတာလဲ၊ ဧည့်သည်ကို အိမ်ထဲခေါ်လေ "
အခြေအနေအားလုံးကိုရိပ်စားမိသောကိုဖြိုးသည် အံ့ဩဖွယ်ရာထိုဖြစ်ရပ်ကြီးအား ၀င်ထိန်းလိုက်လေသည်။
" လာလေဆရာ...အိမ်ထဲကြွပါ "
ခွန်းသည် စေတမာန့်အား ပြုံးကာအိမ်ထဲသို့ ဧည့်ဝတ်ကျေပွန်စွာခေါ်လေ၏။ ထိုအခြေအနေကို ဆွံ့အစွာမယုံကြည်နိုင်ဖြစ်နေသော စေတမာန်သည် ခွန်း၏မျက်နှာအားငေးကြည့်နေရှာ၏။ လွမ်းရိပ်လေးသည်လည်း ကျောင်းတောင် မအပ်ရသေးသောသူ့အားကျောင်းသွားသည်ဟုဆိုသော အဖေ၊ ညတိုင်းဓာတ်ပုံလေးအားရင်ဘတ်တွင်ကပ်ကာ ငိုကြွေးတတ်သောအဖေဖြစ်သူက ဓာတ်ပုံပိုင်ရှင်အား ပြန်တွေ့သောအခါမည်သည့်အတွက်ကြောင့်သားဆရာ ဟုပြောနေရသနည်း။ ကလေးငယ်သည် နားမလည်သည့်ဟန်ဖြင့် သူ၏ဆံပင်လေးများအား နူးညံ့စွာကိုင်ရင်း သူ့အားမည်မျှလွမ်းကြောင်း ပြောနေသောအဖေဖြစ်သူကိုသာတွေတွေလေး ငေးကြည့်နေခဲ့သည်။ စေတမာန့်အား လှမ်းကြည့်သော်လည်းခွန်းကိုသာမျက်ရည်များဝဲရင်း ကြည့်နေလေသည်။ ခဏအကြာတွင် ခွန်းတစ်ယောက် ခင်ပွန်းဘက်သို့လှည့်၍...
"ဪ...ဆရာ့ကိုအားနာလိုက်တာ၊ ကျွန်တော်က သားလေးနဲ့အလွမ်းသယ်နေတာနဲ့ဆရာ့ကိုမေ့သွားတယ် "
"ဟန်မဆောင်ပါနဲ့တော့ ခွန်း....ကိုယ် မခံစားနိုင်တော့ဘူး... "
" ဗျာ "
" ဟို... ကိုစေတမာန် ကျွန်တော်နဲ့ခဏလောက် လိုက်ခဲ့ပေးပါ "
ခွန်းဟန်ဆောင်နေသည်ဟုထင်နေသော သူ့ အားသီးသန့်စကားပြောရန် ကိုဖြိုးသည် ခွန်း မကြားနိုင်လောက်သောနေရာသို့ သူ့အားခေါ်လာခဲ့သည်။ ကြောင်အစွာမျက်ဝန်းဝိုင်းဝိုင်း များဖြင့်ကြည့်နေကြသော ခွန်းနှင့်လွမ်းရိပ်လေးကို ကျောခိုင်းကာ ကိုဖြိုးခေါ်ရာနောက်သို့လိုက်ပါသွားလေသည်။ အိမ်၏ခြံဝန်းလေးထဲမှ ဌက်ပျောပင်လေးနားရောက်သည်နှင့် ကိုဖြိုးခြေလှမ်းတို့ကိုရပ်လိုက်သည်။
YOU ARE READING
Hate fire ( Zawgyi and Unicode)
General Fictionလေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရိမ်မိသည်။ လေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရ...