"တော်ပါတော့...မာန်လေးရယ်...ခွန်းလေး မျက်နှာကိုလည်းကြည့်ပါဦး၊ သွေးတွေထွက်နေပြီ "
ဦးညို၏သတိပေးသံကြားခါမှ စေတမာန် အသိစိတ်တို့ဝင်ကာ ခွန်း၏အင်္ကျီစအားဆွဲထားသောသူ၏လက်တို့ကို
ဖြေလျော့လျက်ခြေလှမ်းတို့ကနောက်သို့ဆုတ်လိုက်သည်။ထို့နောက်ခြေဖ၀ါးမှနာကျင်မှုတစ်စုံတစ်ရာကိုခံစားမိ၍
အောက်သို့ငုံကြည့်လေတော့ပြန့်ကြဲနေသောဖန်ကွဲစများနှင့်ဘီးလေးဘက် လည်ထွက်နေသောဝှီးချဲလေးမှာ သခင်အားမော်ဖူးနေသကဲ့သို့်...။" ဒါတွေက ဘာဖြစ်တာလဲ "
"အဲဒါ... ခွန်းလုပ်ထားတာကိုမာန်၊ ခွန်းကလေ ကိုမာန်ဝယ်ပေးထားတဲ့ ၀ှီးချဲကိုမယူဘူးဆိုပြီးလွှင့်ပစ်ထားတာ၊ကျွန်တော်လည်းတားပါသေးတယ်"
ထိုစကားကိုဖြေကြားပေးလိုက်သူမှာ ဘယ်အချိန်ကတည်းက အခန်းရှေ့တွင်ရောက်နေမှန်းမသိသော ဇွဲထက်ပင်ဖြစ်လေသည်။မျက်နှာပေါ်မှဖူးရောင်နေသော ဒဏ်ရာများနှင့် ဘာစကားမှဝင်မပြောဘဲမှင်သေသေဖြင့်သူ့အား ကြည့်နေသောခွန်းကိုသာအကြည့်စူးစူးတို့ဖြင့်ပြန်လည်စိုက်ကြည့်နေခဲ့သည်။ စကားတစ်လုံးမှဝင်၍ ဖြေရှင်းချက်မပေးဘဲ နှုတ်ဆိတ်နေသော ခွန်း ၏နာကျင်မှုအား ဇွဲထက် အခွင့်အရေးယူအသုံးချကာ....
"ကျွန်တော်က နွားနို့တိုက်တာ၊ ခွန်းအားရှိအောင်လို့လေ... ခွန်းက ရုတ်တရက်ကြီး ခွက်ကိုလွှင့်ပစ်လိုက်တယ် "
ထိုအခန်းလေးအတွင်း၌စကားတစ်လုံးမျှမပြောကြပါဘဲတစ်ဦးကိုတစ်ဦးစိုက်ကြည့်နေကြသောစေတမာန်နှင့်ခွန်းအားဝန်တိုသောအကြည့်တို့ဖြင့်ကြည့်နေရှာသော
ဇွဲထက်၊ကောင်လေးသုံးယောက်တို့၏ရင်တွင်း၌ဖြစ်ပေါ်နေသောခံစားမှုတို့ရောယှက်ထားလေသည့်အကြည့်တို့အားနားမလည်စွာရပ်ကြည့်နေမိသောဦးညိုသည်လည်းခွန်းအတွက်သာစိုးရိမ်ပူပန်နေမိသည်။"မာန်လေး၊ ခွန်းလေးက နေလည်းကောင်းသေးတာမဟုတ်ပါဘူးကွယ် "
" ဇွဲထက်နဲ့ဦးညို အပြင်ထွက်ပေးပါ "
စေတမာန်၏အမိန့်ကိုမလွန်ဆန်နိုင်သောထိုသူနှစ်ဦးသည်လည်းမတတ်သာသည့်အဆုံးအိမ်ကြီးရှင်၏အမိန့်
တော်အတိုင်းအခန်းထဲမှထွက်ခွာသွားကြသည်။ထွက်ခွာသူနှစ်ဦးအနက်တစ်ဦးတွင်စိတ်မကောင်းသောမျက်ဝန်းတို့ရှိနေသော်လည်းကျန်တစ်ဦးမှာတော့ညှင်းပန်းခံရမည့်ကောင်လေးအတွက်ဝမ်းသာပီတိဖြစ်စွာပြုံးရင်းထွက်ခွာသွားခြင်းဖြစ်ပေသည်။ဦးညိုသည်စိတ်မကောင်းသောမျက်ဝန်းတို့ဖြင့်ခွန်းကိုကြည့်ကာမကြာခင်အချိန်တွင်ထွက်ပေါ်လာမည့် နာကျင်စွာအော်ဟစ်သံများအား ကြားနိုင်စွမ်း မရှိသောကြောင့်ထိုအခန်းနှင့်ဝေးရာသို့သာ ထွက်သွားလေ၏။
KAMU SEDANG MEMBACA
Hate fire ( Zawgyi and Unicode)
Fiksi Umumလေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရိမ်မိသည်။ လေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရ...