ရောင်ခြည်ဖြာနေသောအလင်းတန်းလေးမှာ
သက်ဆိုင်သူ၏ပါးပြင်လေးပေါ်ကူးလူးနေသည်။
ငှက်ကလေးများက အလင်းတန်းလေးအား
မနာလိုနေသည့်အလား ကျယ်လောင်စွာ
တွန်ကျူးနေကြပြန်သည်။ပါးပြင်ပေါ်သို့ ကျရောက်လာသော
ရောင်ခြည်မျှင်လေးအား မလိုလားသည့်ဟန်
လက်ဖ၀ါးတစ်ဖက်ဖြင့် အကာအကွယ်ယူလိုက်လေ၏။"သတိုး... နေရောင်ခြည်လေးကို ထိတွေ့ခွင့်ပေးလိုက်ပါ၊ အပြင်လောကရဲ့
အငွေ့အသက်ကိုမခံစားရတာ ၈ နှစ်ကျော်ခဲ့ပြီပဲ "၀ှီးချဲလေးပေါ်မှ ကောင်ငယ်လေးမှာ
အစ်မဖြစ်သူအား အေးချမ်းစွာ ပြုံးပြရင်း..."နေရောင်ခြည်ကို မကြိုက်ဘူး မမနှင်းဆီ .... "
တွန့်ချိုးနေသော မျက်ခုံးတန်းလေးက
သူ၏ စိတ်အလိုမကျမှုအား ပံ့ပိုးပေးနေသယောင်...မောင်ဖြစ်သူ၏ စကားအား အလိုမကျစွာ
နှင်းဆီ မေးခွန်းထုတ်ပြန်သည်။" ဘာလို့လဲ သတိုး.... "
" ကောင်းကင်ကြီးကို ကြည့် မမနှင်းဆီ...
ကြယ်လေးတွေကို မြင်ရလား ""နေ့ခင်းကြောင်တောင် ကောင်းကင်မှာ
ဘယ်လိုကြယ်ရှိမှာလဲ သတိုးရဲ့ "နားမလည်သော မျက်လုံးများအား
တချက်မျှကြည့်ကာ မျက်လွှာချသွားသော
ကောင်လေး...ခံစားမှုအားလုံးမှာ မျက်လုံး၌သက်ဝင်နေသည်
မဟုတ်လား....
သူ၏ ခံစားချက်များအား ဖုံးကွယ်ပစ်ရန်
အစ်မဖြစ်သူ၏ မျက်နှာအား စူးစိုက်စွာ
အကြည့်မရဲတော့ပေ... ။မျက်လွှာ အောက်ချလျက်
နှုတ်ခမ်းပါးလေး အနည်းငယ် လှုပ်ရှားသွားရုံမျှသာ
သူပြုံးသည်။ ထို့နောက် အစ်မဖြစ်သူ၏
မေးခွန်းအား ပြန်လည်ချေပသည်။" ဟင့်အင်း.... ကြယ်လေးတွေက
မနက်ခင်းမှာလည်း ရှိသလို နေ့ခင်းမှာလည်းရှိတယ်၊
နေရောင်ကြီးကြောင့် ကြယ်လေးတွေက ပျောက်ကွယ်သွားတာ "" အဲဒါကြောင့် နေရောင်ကို မကြိုက်တာပေါ့၊
ဟုတ်လား... "" အင်း... ဆိုပါတော့... ကျွန်တော်ကိုယ်တိုင်ကလည်း
အလင်းမှိန်နေတဲ့ ကြယ်လေးပဲမဟုတ်လား၊
ကိုထက် က... နေမင်းကြီး... "
KAMU SEDANG MEMBACA
Hate fire ( Zawgyi and Unicode)
Fiksi Umumလေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရိမ်မိသည်။ လေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရ...