part 39

25.1K 2.1K 172
                                    

စေတမာန်၏မနက်ခင်းတိုင်း၌ 'ကိုကို၆နာရီထိုးပြီ' ဟုဆိုကာတွန့်ဆုတ်ဆုတ်ဖြင့်ထွက်ပေါ်လာတတ်သည့် အသံသေးသေးလေးမရှိတော့ဘူး။ ရေချိုးခန်းသို့ဝင်တိုင်း အဆင်သင့်ရှိနေတတ်သော သွားတိုက်တံလေးရှိမနေတော့ဘူး။ အင်္ကျီဝတ်ရန် ခုတင်ပေါ်သို့ကြည့်မိလေတိုင်း အဆင်သင့်ရှိနေတတ်သော ၀တ်စုံတစ်စုံရှိမနေတော့ဘူး။ ၂၉ နှစ်အရွယ် အမျိုးသားတစ်ယောက်သည် အင်္ကျီကြယ်သီးကို ကမောက်ကမတပ်ရင်း ယခင်က ကြယ်သီးတပ်ပေးခဲ့ဖူးသော လက်လေးတစ်စုံကို လွမ်းဆွတ်လာတတ်ခဲ့လေပြီ...။

မနက်စာတိုင်းကခြောက်သွေ့၍လာခဲ့ပြီ။ သူ့ အကြိုက်ကိုအလိုက်သိစွာ ကော်ဖီခါးခါး ဖျော်ပေးတတ်သောလက်လေးတစ်စုံကို တမ်းတလာမိပြီ။ ကျကွဲသွားသောဖန်ကွဲစများကို ခြေထောက်နှင့်တက်နင်းမိလေတိုင်း တစ်ချိန်က လက်သေးသေးနှစ်ဖက်အနာခံကာ ကာကွယ်ပေးခဲ့ဖူးသော ငိုမဲ့မဲ့နှင့်မျက်နှာလေးကို လွမ်းဆွတ်လာမိလေပြီ... ။ လူဆိုသည်က မရှိတော့မှတမ်းတတတ်သည့်အမျိုးလား၊ မရှိတော့မှ တန်ဖိုးနားလည်တတ်သည့်အမျိုးပေလား... ။

ထွက်ခွာသွားတဲ့မင်းက ကိုယ်မမြင်နိုင်တဲ့တနေရာမှာ
ပျော်နေမှာလား၊ မင်းကိုအမြဲနှိပ်စက်နေမယ့်မိစ္ဆာကောင် မရှိတော့ဘူးဆိုပြီးဝမ်းသာနေမှာလား၊ ကိုယ့်ကိုရော... ကိုယ့်ကို....အိမ်မက်ဆိုးတစ်ခုအဖြစ် မြှုပ်နှံလိုက်တော့မှာလား...။

မနက်အိပ်ရာထတိုင်းအခန်းထဲမှာ ကြားနေကျ အသံလေးကြားနေရတယ်၊ မင်းများပြန်လာလေသလား ဆိုတဲ့စိတ်နဲ့ ထကြည့်ပေမဲ့ ဘယ်သူမှမရှိခဲ့ဘူး။ မနက်ခင်းတိုင်းက ခြောက်ကပ်နေပေမဲ့ စိုစွတ်နေတဲ့ တစ်နေရာက မင်းဟန်ဆောင်မြတ်နိုးခဲ့ဖူးတဲ့ ပါးပြင် ပေါ်မှာပါ ခွန်း...။
မီးဖိုချောင်ထဲကဟင်းချက်သံကြားနေရတိုင်း မင်းလို့ပဲ ထင်နေမိတယ် ခွန်း..."သားမာန် စားလို့ရပြီ" ဆိုတဲ့ အသံကြားမှ မင်းမဟုတ်ဘဲဦးညိုဖြစ်နေမှန်း သတိရတော့တယ်...။

ကိုယ့်အနားနေပြီးအရာရာကိုဖြည့်ဆည်းပေးတဲ့ ဇွဲထက် ကိုမြင်တိုင်း အခုချိန်မင်းခန္ဓာကိုယ်လေးကို ကိုယ်မဟုတ်တဲ့ဘယ်သူကများထိတွေ့နေမလဲလို့ မဆီမဆိုင်တွေးမိပြန်တယ်... ခွန်း...။

Hate fire ( Zawgyi and Unicode) Où les histoires vivent. Découvrez maintenant