part 15

25.5K 2K 90
                                    

"ကိုမာန်...ကျွန်တော်တို့ ဖောက်သည်တွေကို ၀င်လုနေတာ ဦးထွဋ်ခေါင်တို့သားအဖပဲ..."

" ခွန်းစစ် အဖေနဲ့အစ်ကိုပေါ့ "

"ဟုတ်တယ် ကိုမာန်... ခွန်းစစ်များ..."

"သူနဲ့တော့မဆိုင်လောက်ပါဘူး၊ဦးထွဋ်ခေါင်ကိုငါ့ဆီခေါ်လာခဲ့...သူနဲ့တွေ့မှဖြစ်မယ်"

မုန်းတယ်တဲ့ ။ ဒါပေမယ့် တခြားသူ နှုတ်ခမ်းက ထွက်ကျလာမယ့် အပြစ်တစ်ခွန်းတလေနဲ့တောင် အထိခိုက်မခံနိုင်ခဲ့ဘူး ။

"အခုပဲ စီစဉ်လိုက်ပါ့မယ် "

ဒုစရိုက်လောကတွင်းဝယ်စေတမာန်နှင့်သက်ဆိုင်လေသူဖောက်သည်များအားလုယူသည့်လုပ်ရပ်မျိုးကိုပြုမိသူသည်မိုက်မဲလွန်းသောလူသားများနှင့်မခြားနားလှပေ။ထိုအချက်အားဤလောက၌ကျင်လည်နေသူဦးထွဋ်ခေါင်တစ်ယောက်မသိစရာအကြောင်းမရှိပါချေ။ဖခင်ဖြစ်သူလက်ထက်ကတည်းကပြိုင်ဘက်ရန်သူဖြစ်ခဲ့သောဦးထွဋ်ခေါင်ဤသို့ပြုလုပ်ရခြင်း၏နောက်ကွယ်တွင်ခန့်မှန်းရခက်သောအကြောင်းကိစ္စတစုံတရာရှိနေလိမ့်မည်ဟုလည်း စေတမာန် ကဲ့သို့ ပါးနပ်လှသောလူစားမျိုးက နားလည်ထားပြီးဖြစ်ပေသည်။
သန့်ရှင်းသောကုမ္ပဏီကြီး၌ဒုစရိုက်သားကောင်နှင့်မတွေ့ဆုံလိုသောကြောင့် သူ၏အိမ်တွင်သာတွေ့ဆုံစေခဲ့သည်။

ဟွန်းတီးနေသောကားတစ်စီးအား ခြံထဲသို့ ၀င်လာနိုင်စေရန် ခွန်း၏လက်သေးသေးလေးများဖြင့်ခြံတံခါးကိုအားယူကာဖွင့်ပေးလေသည်။ထို့နောက် ခြံထဲသို့ဝင်လာသော ထိုကား နောက်သို့မသန်သေးသောခြေထောက်တို့ဖြင့် ဖြေးလေးစွာလျှောက်လှမ်းလာသည်။ကားပေါ်မှဆင်းလာသောသူ၏မျက်နှာသည်ခွန်းအတွက်သွေးပျက်မတတ်တုန်လှုပ်စေသည်ကိုခွန်းထက်ပင်မည်သူမှပိုသိနိုင်မည်မထင်ပေ။ နှုတ်ခမ်းချွန်ချွန်လေးများက မရဲတရဲဖြင့်ဖေဖေ ဟူ၍တိုးညှင်းစွာခေါ်လိုက်၏။ခွန်းအားတချက်မျှပင်ကြည့်၍အိမ်ထဲသို့ဝင်သွားလေသောအဖေဖြစ်သူ၏ကျောပြင်အားကြည့်ရင်း နှလုံးသားမှ အနာဟောင်းက တဖန်ပြန်၍နိုးထလာပြန်သည်။

"ထိုင်ပါ ...ဦးလေး...ခွန်းစစ်...ဧည့်သည်အတွက်
တစ်ခုခု စီစဉ်လာခဲ့..."

Hate fire ( Zawgyi and Unicode) Where stories live. Discover now