part 19

22.3K 1.8K 67
                                    

စေတမာန့်ထံမှ ချိန်းဆိုချက် ရောက်လာလေတိုင်း ခွန်း မသွားနိုင်စေရန် နည်းမျိုးစုံဖြင့်စီမံကြသောအဖေနှင့်အစ်ကိုအားပထမဆုံးအကြိမ်အဖြစ်လွန်ဆန်ရဲခဲ့လေပြီ။ချစ်သူ၏မျက်နှာလေးအားမြင်တွေ့ချင်၍အိမ်၌အထိုး
အနှက်ခံကာချစ်ရသူထံသို့အရောက်သွားခဲ့သည်။ဘယ်လိုဒဏ်ရာမျိုးတွေပဲရနေပါစေ ၊ ချစ်ရသူ၏မျက်နှာလေးအားမြင်တွေ့ရပါကခွန်း
ခန္ဓာကိုယ်ပေါ်မှနာကျင်မှု အားလုံးချုပ်ငြိမ်းသွားခဲ့ရလေပြီ။

"ခွန်းစစ်...မင်းကိုကျေးဇူးတင်တယ်၊စေတမာန်ကယောက်ျားချင်းကြိုက်တတ်တဲ့လူဆိုတာ တလောကလုံးသိအောင်လုပ်ရမယ် "

"ဖေဖေ...ဘာလုပ်မလို့လဲ ၊ ကိုကို့ကိုထိခိုက်အောင်
မလုပ်ပါနဲ့... ဖေဖေ မကျေနပ်တာရှိရင် ခွန်း ကိုလုပ်ပါ "

"မင်းကိုငါကဘာလုပ်ရမှာလဲ ၊ စေတမာန်ကမင်းကို
အဓမ္မပြုကျင့်ခဲ့ပါတယ်ဆိုပြီး သူတို့တစ်မိသားစုလုံးကို အရှက်ခွဲပစ်မယ် "

"ဟင့်အင်း...မလုပ်ရဘူး၊ ကိုကို့ကိုမထိနဲ့နော် ၊ခွန်းသည်းခံမှာမဟုတ်ဘူး"

တစ်ယောက်သောသူအား ကာကွယ်ချင်လွန်း၍ ပထမဆုံးအကြိမ်အဖြစ် ဖခင်အား မာကျောစွာ ပြန်အော်လေတော့ ပါးပြင်ပေါ်သို့ရောက်ရှိလာသော လက်ဝါးတစ်ဖက်ကြောင့် အားနည်းသော ခန္ဓာကိုယ်မှာ
ယိုင်နဲ့ပြိုလဲရလေ၏ ။ ပူထူသွားသောပါးပြင်အားလက်ဖ၀ါးသေးသေးဖြင့်အုပ်ကိုင်ရင်း မျက်ရည်ပူတို့က ထပ်မံကျဆင်းလာရပြန်သည်။

"ထက်ဝီရက ငါ့လူယုံဖြစ်နေပြီ၊ ပြီးတော့ ထက်ဝီရက စေတမာန် တို့ မိသားစုရဲ့ ဒုစရိုက်လုပ်ငန်းမှန်သမျှအကုန်သိထားတယ်၊ထက်ဝီရကိုသက်သေလုပ်ပြီးအဲ့ဒီဒုစရိုက်အမှုထဲ
စေတမာန်ဆိုတဲ့ကောင်ကိုပါဆွဲထည့်လိုက်ရုံပဲ...အဲ့လိုလုပ်ရင်ကောင်းမလား၊ဟမ်...ခွန်းစစ်...ဒီအမှုဆိုရင်တော့ မင်းအကောင် ထောင်တန်းကျမှာကျိန်းသေတယ်၊သူ့သူငယ်ချင်းကိုယ်တိုင်ကသက်သေ လုပ်မှာဆိုတော့လေ... "

"အဲ့လိုမလုပ်ပါနဲ့...တောင်းပန်ပါတယ် ၊ ကိုကိုကအရမ်းဖြူစင်ပါတယ်... မလုပ်ကြပါနဲ့... "

"ဒါဆိုလည်း ငါခိုင်းတဲ့အတိုင်းလုပ်လေ... ဒီ အမှုဆိုရင်တော့ အထောက်အထား မခိုင်လုံရင် ပြန်လွတ်နိုင်ချေတော့ ရှိမှာပေါ့ ၊ နာမည်တော့ပါးပါးလေး ပျက်သွားရုံပါပဲ "

Hate fire ( Zawgyi and Unicode) Where stories live. Discover now