ဘယ်တော့မှ ...တို့မဝေးဘူး...
အယုံလွန်ပြီး အချစ်ပဲ ကိုးကွယ်သူ....
နောက်ဆုံးအထိ... ကိုယ့်အသည်းက...
တစ်ယောက်တည်း ပေးဆပ်ချင်တဲ့သူ....
နောက်ထပ်မလိုပါဘူး... ......
ဒီဘ၀ နောက်တစ်ယောက်မချစ်တော့ဘူး....
ယုံပါမင်းနဲ့ပြည့်စုံတယ်.....
ထာဝစဉ်ကိုယ့်ရဲ့နားဘေးမှာ အမြဲကွယ်.....
ဝမ်းနည်းမနေချင်ဘူး...
အချစ်ဆုံးအပြစ်လို့မပြောတော့ဘူး .....
ကိုယ်ငိုကြွေးဖို့ မျက်ရည်တွေ စုဆောင်းလို့....
မခွဲနိုင်လည်း.... တနေ့မဟုတ် တနေ့တို့ ဝေးမှာပဲ
စိတ်ဖြေဖို့..... ကြိုးစားရင်းနဲ့.....
တသက်တာအတွက်...
အလွမ်းဆုလာဘ်တွေမင်းပေးတော့...
ဒီဘ၀မှာ... အချစ်ဆုံးသာ.....
ကိုယ့်ရဲ့ကိုးကွယ်ရာ............ဒီခန္ဓာကိုယ်ပြိုလဲပျက်စီးသွားရင်တောင်
ကျွန်တော်မမှုခဲ့ဘူး။ခင်ဗျားလက်ချောင်းလေးဓားတစ်ချက်ရှသွားမှာ
ကိုတော့ကျွန်တော်ကြောက်ခဲ့တယ်၊ကျွန်တော့်အချစ်တွေအပေါစားဆန်သွားလို့လှည့်ကြည့်
မပေးနိုင်ခဲ့ တာလား။အရမ်းကိုရိုးရှင်းလွန်းနေတယ်ကိုထက်...
ခင်ဗျားကကျွန်တော့်ဘ၀အတွက်အလင်းရောင်တွေ
ထွန်းလင်းပေးခဲ့တဲ့နေမင်း၊ကျွန်တော်က တော့အမှောင်ညကိုသာစုံမက်လေတဲ့ကြယ်မှုန်ကြယ်မွှားလေး၊နေမင်းရဲ့အလင်းရောင်ကြားကြယ်လေးတွေကိုမမြင်ရတာ
လောကရဲ့သဘာဝတရားပဲမဟုတ်လား၊ဒါကြောင့်လည်းနေမင်းဖြစ်တဲ့ခင်ဗျားနဲ့ကြယ်မှုန်လေးတစ် ပွင့်ကျွန်တော်ဆုံဆည်းခွင့်မရှိလေခဲ့သလား...။တုန်ယင်သောအသံ၊ရှိုက်ငိုသံတို့ရောထွေးကာဆေးရုံသို့အမြန်လိုက်လာ ရန်သာ လေလှိုင်းပေါ်မှတဆင့်ပြောလာသောချစ်သူကြောင့် မိုးတမာန် စိုးရိမ်စိတ်လွန်ကဲကာရှိသမျှအလုပ်အားလုံးထားခဲ့၍ဆေးရုံသို့ရောက်ရှိခဲ့ လေ၏။ခွဲစိတ်ခန်း၏အရှေ့တွင်ခန္ဓာကိုယ်အားကျုံ့လျက်အနေအထား ဖြင့် အများတကာ ခြေနင်းသွားသည့်ကြမ်းပြင်တွင် ဒူးနှစ်ဖက်ထောင်ကာ ထိုင်နေသော ထက်မြတ်၊မိုးတမာန်ကိုမြင်သော်ဟန်ဆောင်ရမည်ကိုပင် မေ့လျော့စွာမျက်ရည်တို့အဆက်မပြတ်ကျဆင်းလျက်သတိုးနာမည်ကိုသာတဖွဖွရေရွတ်နေလေသည်။မျက်ရည်များဖြင့်ချစ်သူကိုသာကြည့်ရင်းမိုးတမာန်ထိတ်လန့်လာမိ၏ ။
YOU ARE READING
Hate fire ( Zawgyi and Unicode)
General Fictionလေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရိမ်မိသည်။ လေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရ...