"သား... သားလေး"
စေတမာန်၏တိုးညှင်းစွာခေါ်သံလေးကြောင့်
အိပ်ချင်မူးတူးဖြင့်ထလာသောလွမ်းရိပ်လေး၊ လွမ်းရိပ်၏ ခေါင်းလေးအားစေတမာန်ငြင်သာစွာကိုင်ရင်း..."သားလေး...သားအတွက်ဒယ်ဒီအရုပ်တွေအများကြီးနဲ့အခန်းပြင်ပေး ထားတယ်လေ၊ အဲ့အခန်းမှာ သွားမအိပ်ဘူးလား"
အခန်းပြင်ပေးထားသော်လည်းခွန်းအခန်းတွင်သာ
အိပ်တတ်သောသားလေးကြောင့်သူခွန်းအနားကပ်ခွင့်
မရပေ။ယခင်ညများတွင်သားလေးကို ဖက်ကာအိပ်နေရှာသောခွန်းအား,သူတညလုံးငုတ်တုတ်ထိုင်ကြည့်နေခဲ့၏။ယခုတွင်တော့ကလေးငယ်ထံမှအကူအညီတောင်းခံနေမိသည်။လည်လွန်းလှသော,သားငယ်မှာပြုံး၍လက်ပိုက်လျက်
ခေါင်းလေးညိတ်ကာဖြင့်သဘောပေါက်သွားသည့်
အမူအရာလုပ်ပြနေလေ၏။"ဒက်ဒီက သားနေရာလာလုချင်နေတာကိုး... သိပြီ သိပြီ၊ အဲ့အခန်းထဲသွားအိပ်မယ်၊ ဒါမဲ့ ဖီဖီ့ကို ငိုအောင် လုပ်ပါဘူး လို့ ကတိပေး"
သားလေးကမ်းပေးလာသောလက်သန်းလေးကိုသူ၏လက်သန်းဖြင့်ချိတ်လျက်ခေါင်းညိတ်ကာပင်ကတိပြုခဲ့သည်။အခန်းထဲမှခုန်ပေါက်ကာထွက်သွားသောသား၏
ကျောပြင်လေးကွယ်ပျောက်သွားခါမှအခန်းတံခါးပိတ် ကာခွန်းအနားသို့ကပ်လျက်လဲလျောင်းလိုက်သည်။ခုတင်ခြေရင်းတွင်ကျ နေသောစောင်လေးအားဆွဲယူကာ ခွန်းခန္ဓာပေါ်သို့လွှမ်းစေခဲ့သည်။ ထို့နောက်အိပ်မောကျနေသည့်ကောင်လေး၏ပါးဖောင်း
ဖောင်းလေးကို ညင်သာစွာနမ်းရှိုက်မိသည်။"ခင်ဗျား ကျွန်တော့်ကိုဘာလုပ်မလို့လဲ "
မျက်လုံးဝိုင်းလေးများပွင့်ဟလာကာငုတ်တုတ်ထိုင်လျက်သူ့အားရန်တွေ့နေသောခွန်းအားကြည့်ရင်းပါးချိုင့်များခွက်ဝင်သည်အထိစေတမာန်ပြုံးမိသည်။သူ့ဘ၀တွင်၈နှစ်ကြာမှပြန်လည်အသက်ဝင်လာခဲ့သောအပြုံးကို ခွန်းကသာ ဖန်တီးပေးနိုင်ခဲ့ပေ၏ ။
"ခင်ဗျားကိုမေးနေတယ်လေ၊ ဘာလုပ်တာလဲလို့... သားလေးရော..."
"သားကသူ့အခန်းထဲမှာအိပ်နေတယ်၊ ကိုယ်က..."
"ခင်ဗျား ကျွန်တော့်ကိုအသားယူမလို့ ကြံစည်နေတာ မလား "
" အမ်....အဲ့ ဒါ က... "
YOU ARE READING
Hate fire ( Zawgyi and Unicode)
General Fictionလေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရိမ်မိသည်။ လေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရ...