Part-5

16.2K 1.5K 51
                                    

ဒီလိုနဲ့ပဲ... ရက်သတ္တပတ်.. တစ်ခုကျော်လွန်ပီးတဲ့နောက် တစ်မနက်ခင်းမှာတော့.....

အိပ်ယာပေါ်မှာပဲလှဲလျောင်းရင်း အတွေးနယ်ချဲ့နေတဲ့ Park Jimin ..

ဘာလိုလိုနဲ့ Seoul ကိုရောက်လာတာ တစ်ပတ်တောင်ရှိသွားပီ.. Appa တို့ Omma တို့ကိုလွမ်းလိုက်တာ.. Busanကဆော့ဖော်ဆော့ဖက်တွေကိုလဲလွမ်းတယ်.. ဒီမှာကဆော့ပေးမဲ့သူလဲမရှိဘူး... ယုန်ဗလကြီးနဲ့တော့ဝေးပါသေးတယ်.. အဲ့.. ယုန်ဗလဆိုလို့...ကျောင်းဝင်ခွင့်ကလဲရပီ... ဘာမေဂျာလျှောက်ရမလဲမသိဘူး?? ယုန်ဗလကြီးလိုဥပဒေမေဂျာပဲရွေးရင် ကောင်းမလား? International Relations (နိုင်ငံတကာ ဆက်ဆံရေး) ဆိုတဲ့မေဂျာကလဲမဆိုးဘူး.. သူကဥပဒေတွေပါ minorအနေနဲ့လေ့လာရတယ်လို့ Hobi Hyung ပြောဖူးတယ်.. ငါကစကားလဲအရမ်းပြောတဲ့သူဆိုတော့ ဒီမေဂျာနဲ့ဆိုငါနဲ့လိုက်မှာပဲ.. ဟိ.. အဲ့မေဂျာပဲရွေးတော့မယ်... ဒီအကြောင်းကို ယုန်ဗလကြီးကိုပြောပြပီး အကူအညီတောင်းရမယ်...

တွေးရင်းနဲ့ပဲ မျက်နှာချင်းဆိုင် အခန်းဖက်ကို ထွက်လာကာ တံခါးခေါက်လိုက်လေသည်...

'ဒေါက်... ဒေါက်... ဒေါက်'

Jk- တံခါး lock မချထားဘူး ဝင်လာခဲ့လို့ရတယ်..
(ရက်သတ္တတစ်ပတ်တခုကြာခဲ့ပီးတဲ့အခါမှာ Jungkook နဲ့ Jiminကြားဆက်ဆံရေးက အစပိုင်းကလိုတအားမစိမ်းသက်တော့ပေမဲ့ အထူးအထွေပြောင်းလဲခြင်းတော့မရှိပါဘူး... အပိုဆုအနေနဲ့ကတော့ Jimin တစ်ယောက် Hobiလာအိပ်တဲ့ညမှာပဲ သူနဲ့ခင်မင်ခွင့်ရခဲ့သည်လေ.. Hobiက ယုန်ဗလနဲ့တစက်မှမတူ ဖော်ရွေပီးနွေးထွေးတဲ့ Sunshine လိုလူသား...)

' Nae.. Ji တကယ်ဝင်လာပီနော်'

အခန်းထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ ရှင်းလင်းပီးတောက်ပနေတဲ့အိပ်ခန်းနဲ့လိုက်ဖက်ညီစွာပဲ... သပ်ရပ်စွာစီတန်းထားတဲ့စာအုပ်တွေအများအပြားထားတဲ့စာအုပ်စင်ကြီးကြီးရဲ့ရှေ့က စာကြည့်စားပွဲမှာထိုင်ရင်း စာဖတ်နေတဲ့ smartခပ်ကျကျယုန်ဗလကြီးကြောင့် Ji ရဲ့ခြေလှမ်းတွေမှားချင်ချင်.. ဒါပေမဲ့ အမှတ်မထင် စာအုပ်စင်ထိပ်ဆုံး​က တန်းစီပီး တင်ထားတဲ့ Iron Man အရုပ်အများအပြားကြောင့် ယုန်ဗလကြီး ကလေးစိတ်တော့မကုန်သေးဘူးဆိုတာ တွေးမိပီးပြုံးမိသွားလေရဲ့...

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now