Part-23

13.3K 1.1K 130
                                    

ညဉ့်တော်တော် နက်သည့်အခါမှသာ ရွာအဝင်သို့ ရောက်လာကြပြီး ထင်ထားသည်ထက်ပို၍ ရှေးကျသည့် လူနေအိမ်ပုံစံလေးတွေကြောင့် Ji Ji တစ်ယောက် ရွာတန်းလေးတစ်လျှောက် ငေးမောလို့ လိုက်လာခဲ့သည်။

အားလုံးထဲတွင် အသားနားဆုံးလို့ ထင်ရသည့် အိမ် ခပ်ကောင်းကောင်းနှင့် ခြံကျယ်ကြီး ရှေ့ကိုရောက်တော့ ကားလေးကွေ့ဝင်လိုက်သည်ကြောင့်  သွားချင်တဲ့နေရာ ရောက်ပီဆိုတာ Jimin တပ်အပ်သိလိုက်လေသည်။

အိမ်ရှေ့ကို ကားလဲထိုးရပ်လိုက်ရော Jimin လုံးဝ မမြင်ချင်သည့် မျက်နှာကို တွေ့လိုက်ရတာကြောင့် စိတ်အကြီးအကျယ်ပျက်သွားလေသည်။

နိုင်ငံခြားသား လူစုတစ်စုမှာ အထုပ်ကိုယ်စီနဲ့ မတ်တပ်ရပ်စကားပြောလျှက်ရှိပီး ရွာလူကြီး လို့ထင်ရသည့် ဦးလေးကြီး တစ်ယောက်က ပြုံးဖြဲဖြဲ ဖြင့် ခေါင်းကုပ်လျှက်ရှိတာကို Jimin ကားပေါ်က မြင်လိုက်၏ ။

ထိုအထဲတွင် သူ မမြင်ချင်ဆုံး လူမှာ ဟိုEnglish မ.......

" ကဲ... ရောက်ပီ... ကို လူကြီးတွေနဲ့ စကားပြောလိုက်အုံးမယ်... ဟိုမှာ မြင်နေရတဲ့ လူဒေက ကို့သူငယ်ချင်းတွေလေ... လာ... ကို မိတ်ဆက်ပေးမယ်...."

"တော်ပါပီ.... မလိုက်ချင်ပါဘူး....."

" လာပါ... ကားတောက်လျှောက်စီးလာရတာ ညောင်းရောပေါ့...."

မလိုက်ချင်သည့်သူကို အတင်းခေါ်နေတာကြောင့် ပေကပ်ကပ်နှင့် ကားပေါ်ကဆင်းကာ ထိုလူစုနားကိုမသွားပဲ ကားနားတွင်ပဲ မှီကာ ရပ်ကျန်နေခဲ့သည်ကြောင့် Jungkook လဲ အကောင်ပေါက်ကို ထားခဲ့ပီး ထိုလူစုဆီသွားလိုက်၏.....

Catherine- " Hey...... Jeon.... Why you too late....? We're waiting for you around 30 minutes ago... and we're facing some trouble. We can't communicate with this Uncle. He can't understand English."

စလာပါပီ... တွေ့လိုက်တာနဲ့ လက်မောင်းကိုလှန်းကိုင်ကာ တွတ်တွတ်ထိုးနေသော ထို English မကို Ji Ji တော်တော်ကိုမှ ကြည့်မရဖြစ်ကာ မျက်စောင်းထိုးနေပီး စိတ်ထဲကနေလဲ...

Jimin Pov's-

" Australia စနှိုက်ကျော်မ.... ငါ့ Tae Tae သာဒီနေရာ ရှိနေရင် ဒီ English မ ဟိုးနားက ကင်မ်ချီအိုးထဲ ထဲ့သိပ်ပီးသားပဲနေမှာ...."

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now