Part-9

15.2K 1.3K 74
                                    

    "1စက္ကန့်.... 2 စက္ကန့်...  1 မိနစ်.."

တကယ့်ကို  ၁မိနစ်လောက်သာကြာသွားသည့် အနမ်းချိူချိူနွေးနွေးလေးကို  Jimin အိပ်ရာပေါ်မှ ပြန်တွေးကာ ရင်တွေအရမ်းခုန်ပီး ပျော်ရွှင်နေမိသည်...

သူ့အတွက် ပထမဦးဆုံး အနမ်း..

သူတို့ ၂ယောက်အတွက်လဲ ပထမဦးဆုံးအနမ်း...

Jimin ပျော်သည်.., ရှက်လဲရှက်သည်.. နမ်းနေတဲ့အချိန်လေးမှာ မျက်လူံးမမှိတ်မိလိုက်သည့် ကို့ကိုကိုယ် ကျေးဇူးလဲတင်နေမိသည်.. ဘာလို့ဆို ကုကုကသူ့ကို မျက်လုံးလေးမှိတ်ကာ တယုတယနှင့် တရှိုက်မက်မက် နမ်းနေချိန်လေးကို သူပြန်မြင်ယောင်ခွင့်ရနေသည်မို့ပင်...

...ဒါဆို ကုကုက သူ့ကိုချစ်နေတာလား.... ချစ်လို့မို့ နမ်းတာလား.... အင်းပေါ့ .. ချစ်လို့မို့နမ်းတာပေါ့...

ဒါဆိုဘာဖြစ်လို့နမ်းပီးတာနဲ့ သူ့ကိုတွန်းပီး အပေါ်ထပ်ကိုပြေးတက်သွားတာလဲ??
ဘာလို့ ဘာမှမပြောသွားတာလဲ??
Koreaကားတွေထဲမှာဆို နမ်းပီးရင် မင်းသားက ချစ်တယ်လို့ပြောတယ်လေ...
ပီးတော့သူတို့ဒေချစ်သူဒေဖြစ်သွားကြရော..? ဒါဆိုကုကုနဲ့ ငါကချစ်သူတွေဖြစ်တော့မှာလား....အား... မသိတော့ဘူး.. ရင်တွေအရမ်းခုန်တယ်...
" ကုကုရေ... ကုကုကို ချစ်မိပီထင်တယ်ဗျ!!" (မျက်နှာကို ခေါင်းအုံးဖြင့်အုပ်ကာ အူယားစွာပင် အော်လိုက်မိ၏)

JK side -

..... ငါ ဘာဖြစ်လို့နမ်းလိုက်မိတာလဲ...သူ့နှုတ်ခမ်းလေးတွေက အရမ်းဆွဲဆောင်နိုင်လွန်းလို့လား... ငါ့ရင်တွေပဲအရမ်းခုန်နေမိတာမို့ ဦးနှောက်ကအလုပ်မလုပ်တော့တာလား..? အားရှ်.. JKရယ် ကလေးသာသာ ကောင်လေးကိုမှ ဘာတွေသွားခံစားနေတာလဲ.. မင်းရူးနေပီ... ဟုတ်တယ်.. စာတွေကျက်ရလွန်းလို့ရူးသွားတာ.. ရူးလို့မို့ အကောင်ပေါက်ကို သွားနမ်းလိုက်မိတာပေါ့... ငါ့ရဲ့ ပထမဦးဆုံး အနမ်းကိုဘယ်လိုလုပ်မိလိုက်ပါလိမ့်.... မသိတော့ဘူးကွာ...

သေချာတာတော့ ဒီတစ်ညဟာ ရင်ခုန်စွာအိပ်မက်တွေလှပနေသူတစ်ယောက်နဲ့ ချစ်တာကို ချစ်မိမှန်းမသိပဲ စိတ်ရှုပ်နေတဲ့သူတစ်ယောက်ရယ် အတွက်တော့ ညတာရှည်ခဲ့ရပါတယ်.....

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now