Part-11

15.4K 1.3K 116
                                    

"... ချွဲဆိုရာ... မင်းဒါဘာလုပ်တာလဲ..."

​အမြဲလိုလို အတင်းလိုက်ကပ်နေသော Soraကို Jungkook တော်တော်စိတ်ညစ်ပါသည်... သူမ က လှပေမဲ့ Jungkook ကိုရင်ခုန်အောင် ဘယ်လိုမှမပြုစားနိုင် .. Sora ရဲ့ အလှတရားက Jungkook အတွက်မဟုတ်ပေ... ဒါပေမဲ့လဲ မိန်းကလေးဘက်က မရှက်မကြောက် လိုက်ကပ်နေသည့်အတွက် သူ ပစ်ပစ်ခါခါ ဆက်ဆံလိုက်ရမှာကိုတော့ အားနာမိသည်... သူမ ၏သိက္ခာကိုလဲ ထည့်တွက်ပေးရမည် မဟုတ်ပါလား... အခုလဲ ကျောင်းဆင်းချိန်တွင် သူ့နောက်က အတင်းလိုက်ကပ်ကာ စကားပြောနေရာမှ ရုတ်တရက်ကြီး နမ်းချလိုက်ခြင်း ဖြစ်သည်.....

"ဘာလုပ်တာလဲဆိုတာ ရှင်တကယ်မသိဘူးလား... ဘာလဲ နောက်တစ်ခါ လုပ်ပေးရမှာလား...? "

"တော်ပါတော့.... နောက်ဆို မင်း ငါ့အနားမလာရင်ကောင်းမယ်... ဒီလိုတွေဆက်လုပ်နေမယ်ဆိုရင် ငါမင်းကို သူငယ်ချင်းအဖြစ်တောင် လက်ခံနိုင်တော့မှာ မဟုတ်ဖူးနော်.."

"ကောင်းသားပဲ.... Soraက သူငယ်ချင်း ဖြစ်ချင်တာမှမဟုတ်တာ...... ချစ်သူ ဖြစ်ချင်တာလေ... ရှင့်ကို ချစ်တယ် Jungkook Shi.."

"ကျစ်....... "

Jungkook တစ်ယောက် စိတ်ရှုပ်ရှုပ်ဖြင့် Soraကို တွန်းဖယ်ကာ ထွက်လာလိုက်တယ် ဆိုရင်ပဲ အမှတ်မထင် ထီးလေးတစ်ချောင်း ပြုတ်ကျနေတာကို တွေ့လိုက်ရသည်.....

သာမန်ဆိုရင် ဒီထီးလေးကို သတိထားမိမှာမဟုတ်ပေမဲ့ အခုဒီထီးလေးက သူ့အကောင်ပေါက်လေး ဆောင်းနေကျထီးလေးနှင့်အတော်ဆင်တူသည် မို့ ကောက်ယူကြည့်လိုက်မိရာ.....

သေချာပါသည် သူ့အကောင်ပေါက်လေးရဲ့ ထီးလေးပါပဲ... ဘာလို့ဆို ထီးလေးက BT21 အရုပ်ထီးလေးဖြစ်ပီး Bangtan Seonyeondan (BTS) အဖွဲ့တွင် သူ့အကောင်ပေါက်လေး၏ Bias ဖြစ်သည့် Golden Maknae Jungkookie ဆိုသည့်ကောင်လေးပုံနှင့်Keychain လေးကို ထီးမှာချိတ်ဆွဲထားသောကြောင့်ဖြစ်သည်....
ဒီထီးလေးကို သူ့အကောင်ပေါက်လေး ထုတ်ဆောင်းနေတာ သူခဏခဏမြင်ဖူးသည်လေ....

 ဒီထီးလေးကို သူ့အကောင်ပေါက်လေး ထုတ်ဆောင်းနေတာ သူခဏခဏမြင်ဖူးသည်လေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now