Part-10

15.4K 1.3K 71
                                    

Tae Taeက Hobi Hyung နဲ့ ချိန်းထားတာကြောင့် ကျောင်းဆင်းချိန်မှာပဲ  Jimin နှင့် Yoongi တို့ ၂ယောက် ကျောင်းပေါက်ဝတွင် Taeလေးနှင့်  အတူပြန်ရန် စောင့်နေမိကြသည်...... လူတော်တော်များများ ကျောင်းဆင်းသွားပီမို့  ကျောင်းတွင် ဘယ်သူမှတောင်မရှိတော့သလောက်ပင်..

"ဒီက ချစ်စရာလေးက Park Jimin ထင်တယ်.."

"Nae .. ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး.."

" ဪ... ဒီတိုင်းပဲ မိတ်ဆက်ချင်လို့ပါ.... မင်းကသိပ်ချစ်စရာကောင်းတယ်လေ.. ယောကျာ်းလေးနဲ့တောင်မတူအောင် ချစ်စရာကောင်းလွန်းလို့ လာမိတ်ဆက်တာ..  ဟဟ.."

သူ့ကို စူးစူးရှရှကြည့်ကာ အချိူးမပြေသောစကားတွေနှင့်  မိတ်ဆက်လာသည့် အချိူးမပြေသည့် လူ၃ယောက်ကြောင့် Jimin တအားစိတ်ညစ်ပီးကြောက်နေမိသည်..ကြည့်ရတာ လူမိုက်ပုံစံတွေနှင့်လဲတူသည်...

"ဒီမှာ... မင်းတို့ကဘယ်ကကောင်တွေလဲ.. ဘယ်သူမှမိတ်မဖွဲ့ချင်တာမို့လို့ မင်းတို့ဒီကထွက်သွားရင်ကောင်းမယ်"

"ဟဟား.. ဒီပေါက်စကတောင် ဘာမှမပြောတာ မင်းကဘာဖြစ်ချင်နေတာလဲ.. လူကြည့်တော့မလောက်လေးမလောက်စားနဲ့..... သေချင်လို့လား."

"တော်.. တော်ပါတော့ Yoongi Hyung ရယ်.. ဘာမှမပြောပါနဲ့တော့သွားကြရအောင်.."

"ဟိတ်.. အလှလေး... နေပါအုန်းကွ.. မကြောက်ပါနဲ့.. ကိုတို့က ဒီကျောင်းကပါပဲ Final Yearကပဲဆိုပါတော့... မင်းကသိပ်ချစ်စရာကောင်းတယ်လို့ နာမည်ကြီးနေတာမို့ ရှာလိုက်ရတာကွာ... အခုမှပဲဆုံတော့တယ်.."

"ဟူတ်ကဲ့ပါ.. ကျေးဇူးပါပဲ.. သွားခွင့်ပြုပါအုန်း.."

စကားစမြန်မြန်ဖြတ်ပီး ထွက်သွားဖို့လုပ်လိုက်ပေမဲ့  လက်ကိုအတင်းလှမ်းဆွဲကာ လက်၂ဖက်ကို စုံကိုင်ပီးချုပ်ထားတာကို ခံလိုက်ရသည်...

"နေပါအုန်းအလှလေးရဲ့......ဘာဒေလောနေတာလဲ... ကို့အချစ်ကိုလက်ခံပေးမလား.. မင်းလက်မခံဘူးဆိုရင် မင်းငြင်းလို့်မရအောင် ငါကလုပ်မှာနော်....."

"တောက်... ဟေ့ကောင်တွေ.. မင်းတို့အရမ်းတရားလွန်နေပီနော်.. Jimin ကိုအခုလွှတ်ကြစမ်း... "

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now