Part-18

15.1K 1.1K 104
                                    

Jungkook နဲ့ Jimin တို့ ၂ယောက် Busan ကနေပြန်ရောက်လာတာတောင် ၁လ ကျော်ခန့်ကြာပီဖြစ်သည်။

မိုးမရွာခင် မိုးအုံ့၍ အေးချမ်းမှုကို ခံစားရသကဲ့သို့ , မုန်တိုင်းမတိုက်ခင် လေပြေလေအေးလေးတွေ တိုက်ခတ်သဖြင့်သာယာ သကဲ့သို့ ဒီကောင်လေး၂ယောက်ရဲ့ ချစ်ခြင်းမှာလဲ ဘာအတားအဆီးမှမရှိပဲ ကြည်နူးသာယာဖွယ် အပြည့်ပင်........

တစ်ခါတစ်လေ Hobiနှင့် Taeတို့အတွဲနှင့် Jungkook နှင့် Jimin တို့အတွဲ၂ တွဲ ပေါင်းကာ Double Date တွေလုပ်လိုက်.., ရုပ်ရှင်တူတူသွားကြည့်လိုက်...,Jimin ရဲ့ကားမောင်းသင်တန်းကို အကြိုအပို့လုပ်ပေးလိုက်.....
Jimin က Jungkook ကို Pianoလေးတီးပြကာ သီချင်းဆိုပြလိုက်....,Gameတွေအတူတူဆော့လိုက်နှင့် သာယာလွန်းမက သာယာနေလေ၏။

ဒီကြားထဲ ပြသနာကြီး၂မား၂ ဟုမဆိုလောက်လျှင်တောင် ပြသနာဟုဆိုရလောက်တဲ့ ကိစ္စလေးတစ်ခုသာ ရှိခဲ့သည်..

အဲ့တာကတော့ Min Yoongi ဆိုသည့် Jimin ၏ စီနီယာအကိုကအနည်းငယ်မူးကာ Jimin ဆီဖုန်းဆက်ပီး ဖွင့်ပြောလေရာ ဖြစ်ချင်တော့ ထိုဖုန်းပြောနေသည့်အချိန်တွင် Jungkook က Jimin ဘေးနားရှိနေခဲ့တာကြောင့် သဝန်တိုကာ Min Yoongi ကို ဖုန်းထဲမှ တဆင့်ဆဲလိုက်သောကြောင့် Jimin နှင့် ပြသနာဖြစ်ခြင်းပင်.....

Jimin အနေနှင့် ရင်းနှီးနေသည့် စီနီယာအကိုက ဖွင့်ပြောလာသဖြင့် အေးအေးဆေးဆေးပဲ ပြန်ငြင်းကာ ဆက်ဆံရေးကို ထိန်းသိမ်းထားချင်သော်လဲ Jungkook ၏သဝန်တိုမှုနှင့် ထိန်းမရသည့်ဒေါသဖြင့် ဆဲဆို လိုက်ခြင်းကြောင့် Jimin စိတ်ဆိုးကာ Jungkook ကို စကားမပြောပဲ ၂ရက်လောက် စိတ်ကောက်မိကြသေးသည်။

နောက်တော့မှ Min Yoongi ကပင်ပြန်လည်ဆက်သွယ်ကာ မူးနေတာကြောင့် စကားမှားပြောမိတာပါ ဆိုပီးပြန်လည်တောင်းပန်သဖြင့် Jimin စိတ်အေးကာ Min Yoongi နှင့် ပုံမှန်အတိုင်းပြေပြေလည်လည် ပြန်ဖြစ်သွားကြသည်ကြောင့် Jungkook ကို စိတ်ကောက်ပြေလိုက်ရခြင်းပင်....

Jimin အတွက်တော့ Jungkook ၏ချစ်သူကောင်လေးဘဝကို စပီးခံယူလိုက်ကထဲက Jungkook ၏ အလွန့်အလွန် သဝန်တိုတတ်မှုနှင့် အသားကျနေခဲ့သည်။

Jimin ဆိုသည်မှာလဲ မိန်းကလေးများအရည်ပျော်နိုင်သော ရုပ်ရည်ပိုင်ဆိုင်ထားရုံသာမက လမ်းသွားလျှင် ယောက်ျားသားများကပါ လည်ပြန်ငေးကြည့်ရလောက်အောင် လှရက်လွန်းသူ မဟုတ်ပါလား။

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now