🍃The Final Young Love🍃

17.1K 1.1K 142
                                    

Ji Ji တစ်ယောက် အိမ်ထဲဝင်ရမည်ကို အနည်းငယ် တွန့်ဆုတ်နေမိသည်။

ကို့အထင်နှင့်ကို  ကုကုရဲ့ Omma ကိုရော Appa ကိုပါ အချိန်အကြာကြီး အဆက်အသွယ်ဖြတ်ထားခဲ့သည့်အတွက် အခု စံပြရွာကြီးကနေ တစ်ပတ်ပြည့်လို့ ပြန်လာပြီး Seoul ရဲ့ ခြံရှေ့တံခါးဝသို့ ရောက်နေသည့်တိုင်အောင် ကားပေါ်က မဆင်းရဲသေး....

ကြောက်တာတော့ မဟုတ်ပေမဲ့ မျက်နှာပူလွန်းတာကြောင့် Ommaကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းစား၍ မရနိုင်အောင်ပင်..။

ကို့ကြောင့် Omma နေမကောင်းဖြစ်ရတဲ့အပြင် Florist အလုပ်ကိစ္စတွေပါ နှောင့်နှေးခဲ့တာကြောင့် Ji Ji အင်မတန် မျက်နှာပူရသည်။

အလိုက်သိတတ်သည့် ကုကုကပင် ဘာမှမဖြစ်ဘူးနော် ဆိုသည့်ပုံစံဖြင့် မျက်လုံးလေး မှိတ် ခေါင်းညိမ့်ပြပြီး သူ့လက်လေးကို ဆုပ်ကိုင်လာတာကြောင့်  နဲနဲတော့ ရင်ထဲနေသာထိုင်သာ ရှိသလိုလို..။

ဒီလိုပဲ ရွာမှာတုံးက Catherine တို့နှင့် မိတ်ဆက်ပေးပြန်တော့လဲ Ji Ji အလွန်တရာ အားနာကာ ကြောက်လဲကြောက်တာကြောင့် စကားသိပ်မပြောရဲ.......

ကုကုကပင် အခုလို သူ့လက်လေးကို ကိုင်ကာ သူ့သူငယ်ချင်းတွေရှေ့ဆွဲခေါ်သွားပြီး တရားဝင်မိတ်ဆက်ပေးတာကြောင့် အားလုံးက နွေးနွေးထွေးထွေးဆက်ဆံကြသည်။

Catherine ကတော့ ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး ဆက်ဆံသည့်အပြင် Jeon က Jiကို ဘယ်လိုချစ်ကြောင်း, စာသင်နေရင်း Ji ကို Jeonက ဘယ်လိုလွမ်းလို့ ဘယ်လိုပုံစံတွေဖြစ်ပျက်နေကြောင်း ကို တရင်းတနှီး ရှင်းပြပြောပြတာကြောင့် Ji Jiတစ်ယောက် Catherine ကို ကျိန်ဆဲခဲ့မိသမျှကို စိတ်ထဲကသာ ကျိတ်၍ တောင်းပန်နေခဲ့သည်။

ထို့အပြင် ဒီရွာကို  ရောက်လာခါစက Jimin က Catherine ကို မျက်စောင်းတွေထိုးပြီး စူပုပ်နေတာကို Catherine ကိုတိုင်က သိတာကြောင့် Ji Ji သဝန်တိုနေတယ်ဆိုတာ သူမ သိသည့်အတွက်  ရှောင်နေခဲ့မိတာကိုပါ သူမ ကတောင်းပန်နေသေးသည်။

Jungkook က Jimin ကိုဘယ်လောက်ချစ်တယ်, လွမ်းတယ်ဆိုတာကို Catherine တင်မက ကျန်တဲ့ ၃ယောက်ကပါ ဖောက်သည်ပြန်ချနေတာကြောင့် Jimin အကျေနပ်ကြီး ကျေနပ်ခဲ့ရသလို ယုန်ဗလကြီး ကုကုကီ ကတော့ မျက်နှာလေးများ ရဲအောင် ရှက်နေခဲ့သေးသည်။

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now