Part-24

15.9K 1.1K 139
                                    

နေ့လည်စာကို Jungkook တို့ သူငယ်ချင်း တစ်စုနဲ့အတူ Jimin ပါ အတူရောထိုင်ကာ စားရမည့်အတွက်ကြောင့် Jimin စိတ်ကျဉ်းကြပ်နေလေသည်။

ထမင်းစားပွဲအရှည်ကြီးပေါ်မှာ ဟင်းတွေကတော့ တကယ့်ကို အစုံအလင်......

Jimin ထမင်းဝိုင်းမှာ နေရာယူလိုက်သည်ဆိုတာနဲ့ နောက်ကလိုက်လာသည့် ကုကုက သူ့ရဲ့ဘေးကပ်ရပ်ကို ဝင်ထိုင်ကာ Jimin စားမည့် တူလေးကို တစ်ရှူးလေးနှင့် သုတ်ပေးနေတာကြောင့် အိုးတိုးအမ်းတန်း ဖြစ်ကာ မျက်စောင်းထိုးလောက်မှာ ထိုင်နေတဲ့ English မကို အားနာစိတ်ဖြင့် လှန်းကြည့်မိသေးသည်။

ဘယ်လောက်ပဲ အမြင်မကြည်ကာ မုန်းနေပါစေ .. လက်ရှိ ကုကုရဲ့ ချစ်သူက ထိုမိန်းကလေးမလား....

Ji Jiကသာ အရေးတယူ ကြည့်နေပေမဲ့ English မက သူတို့ဖက်ကို တစ်ချက်တောင်လှည့်မကြည့်ပဲ တခြား English ကောင်လေး(Agust-D , Catherine ၏ချစ်သူ) နှင့် ပရောပရည်လုပ်ကာ ခါးကိုဖက်လိုက် ပုခုံးပေါ် ခေါင်းမှီလိုက်လုပ်နေတာကြောင့် Ji Ji အံ့ဩမိသွားသည်။

Jimin Pov's-

ဟင်... ဟို English မက တခြားတစ်ယောက်နဲ့ အီစီကလီရိုက်နေပါ့လား....
ကုကု နဲ့က ဘယ်လိုဖြစ်ကြလို့လဲ မတွဲကြတော့တာလား.....
ငါ့ကုကုကီ ကို အဲ့ဟာမ ထားခဲ့တာပဲဖြစ်ရမယ်... အဲ့တာကြောင့် ကုကုက စိတ်ဓာတ်ကျတဲ့ ပုံစံပေါက်ပြီး Koreaကို ပြန်လာတာပဲ နေမှာ .......
ငါ့ ကုကုလေး သနားပါတယ်...... ငါ့ကို ပစ်ပြီးတော့တောင် အဲ့English မကို ရွေးချယ်ခဲ့ရရှာတာ....
အခုတော့ ငါ့ကုကု အသည်းကွဲနေရတာပေါ့လေ.....
Ji က ကုကုအပေါ် ပြန်ကောင်းပေးမှာမို့  ကုကု နဲနဲတော့ စိတ်သက်သာရာ ရရင်ကောင်းမှာပဲ...........

ထမင်းမစားသေးပဲ ငေးကြောင်ကြည့်ကာ တွေးချင်ရာ တွေးနေသော အကောင်ပေါက်ကို စိတ်မရှည်လာသည်နှင့် အကောင်ပေါက်ရဲ့ ထမင်းပန်းကန်လုံးလေးထဲ ဟင်းတွေခပ်ကာ ထည့်ပေးနေလိုက်သည်။

ဟင်းခပ်ထည့်ပေးနေသည့်အတောအတွင်း သူ့ကို သနားတဲ့ မျက်ဝန်းလေးတွေနဲ့ ခိုးကြည့်ကာ မျက်ရည်လေးဝဲနေရှာတဲ့ အကောင်ပေါက်လေးကိုတော့ Jungkook တစ်ယောက်သတိမထားမိလိုက်ပေ။

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now