ဒီနေ့က Park Jimin အတွက် ပထမဦးဆုံး တက္ကသိုလ်ကျောင်းသားဘဝစတင်သည့်နေ့ပင်.. သူရေချိူးခန်းထဲချော်လဲပီး အနားယူနေရသည့်ရက်အတွင်း Jungkook Hyung က မေဂျာရွေးဖို့ရာအစစအရာရာကူညီပေးခဲ့ပေမဲ့ IR မေဂျာမှာ လူဦးရေပြည့်သွားသောကြောင့် နောက်ထပ်သူစိတ်ဝင်စားသည့် E-majorကိုသာ ရွေးချယ်လျှောက်ထားခဲ့ရာ ကံကောင်းစွာပဲ ရရှိခဲ့သည်... ဒီနေ့ကတော့ သူ့အတွက် ရင်မတုန်ပေမဲ့ အနဲငယ်တော့ရင်ခုန်ရသောနေ့ဖြစ်သည်.....
ရေမိုးချိူးပီး ကျောင်းဝတ်စုံဝတ်ကာ အိမ်အောက်သို့ဆင်းခဲ့လိုက်သည်....
"ဟယ်.. ကြည့်စမ်းပါအုန်း Jiလေးကကျောင်းဝတ်စုံလေးနဲ့သိပ်ချစ်စရာကောင်းတာပဲ.. မနက်စာစားပီးမှ Jungkook နဲ့အတူတူကျောင်းသွားနော်"
"Nae..Omma"
ဒီနေ့ကကျောင်းပြန်စတက်ရမဲ့နေ့မို့ Jungkook တစ်ယောက်ပြင်ဆင်စရာရှိတာ ပြင်ဆင်ကာ အိမ်အောက်ဆင်းလာလိုက်တယ်ဆိုရင်ပဲ မနက်စာထမင်းဝိုင်းမှ သူ့ကိုပြူးပြူးလေးစိုက်ကြည့်နေသော အကောင်ပေါက်လေးကိုကျောင်းဝတ်စုံလေးနဲ့တွေ့လိုက်ရသည်..ကျောင်းဝတ်စုံလေးနဲ့လဲ ချစ်စရာလေးပဲ ဟု မှတ်ချက်ချမိသည်...
Jimin Pov's
Yrrr... ကုကုက ကျောင်းဝတ်စုံနဲ့တကယ်ကြည့်ကောင်းတာပဲ...
မနက်စာစားပီးတာနဲ့ ၂ယောက်သားကျောင်းကိုBusကားစီးကာထွက်လာခဲ့ကြရင်း.. တစ်လမ်းလုံးတောက်လျှောက်ပေါက်ပေါက်ဖောက်နေသော အကောင်ပေါက်လေးကြောင့်စော၂စီး၂နားငြီးရ၏...
"ကုကု..... ကျောင်းတက်ရတာပျော်ဖို့ကောင်းလားဟင်? စာတွေကရော ခက်လား? Seoul မှာကမြို့သားတွေကြီးပဲဆိုတော့ ကုကုလိုပဲ မာနကြီးကြမလားမသိဘူးနော်.. Jiသူငယ်ချင်းမရရင် ဘယ်လိုလုပ်ရပါ့... ကျောင်းက activities တွေလဲများတယ်ဆို.... ဆရာတွေကရောဘယ်လိုနေလဲဟင်? ကျောင်းကအကျယ်ကြီးပဲလား... ကုကုတို့ Department နဲ့ Jiတို့ Departmentနဲ့ရော နီးရဲ့လားဟင်..... ကုကု.... ကုကု...!! "
ကိုကသာ မေးချင်တာတွေကြီးပဲစွတ်ရွတ်မေးကာ အဖြေစကားမကြားရတာကြောင့် လှည့်ကြည့်လိုက်မိရာ...
"ဟင်!!"
သေစမ်းဟJijiရ.... ရှက်စရာကောင်းလိုက်တာ.. နားကျပ်တပ်ထားတာမမြင်ပဲ စကားတွေတစ်ယောက်ထဲပြောလာမိတယ်...."
![](https://img.wattpad.com/cover/221168920-288-k646033.jpg)
YOU ARE READING
🍃Young Love🍃 (Unicode + Zawgyi) [Completed]
Fanfiction🐣 လူကောင်ပိစိကွေးချစ်စရာလေးပေမဲ့ စပ်စပ်ထိမခံ စွာစိတေးလေး Park Jimin 🐰 အနေအေးပေမဲ့ ဒေါသလဲကြီးသလို ဗလလဲကြီးတဲ့ ချစ်စရာယုန်မျက်နှာပေါက်လေးနဲ့ Jeon Jungkook တို့ ၂ယောက်ရဲ့ ဆုံစည်းမှု နဲ့ ဇာတ်လမ်းလေးကဘယ်လိုများဖြစ်မလဲ? 🍃Young Love🍃 Story Characte...