Part-12

15.4K 1.2K 151
                                    

Jimin လေး နေပြန်ကောင်းလို့ ကျောင်းတက်တဲ့ပထမရက်မှာပဲ  စိတ်ရှုပ်စရာလို့ပြောရမလား.., ဂုဏ်ယူစရာလို့ပြောရမလား မသိတဲ့ ကိစ္စလေးတွေကလဲ ရှိပြန်သတဲ့....

သူနေမကောင်းလို့ ကျောင်းပျက်တဲ့ ၂ရက်အတွင်းမှာ Taeကတောင် စာတွေကူးပေးထားစရာမလိုပဲ အတန်းထဲက ကောင်မလေးတော်တော်များများက Jimin အတွက်စာတွေကူးပေးထားပါတယ် ဆိုပီး နေရာယူတဲ့သူကယူ...,

ဘာလို့ကျောင်း ၂ရက်တောင် ပျက်ရတာလဲဆိုပီး ခဏခဏလာမေးတဲ့ သူတွေက တဖုံ..,

နေမကောင်းဘူးထင်လို့ဆိုပီး  မုန့်တွေဝယ်လာပီး ပေးတဲ့သူကပေးနဲ့  Jimin တစ်ယောက် ပတ်ချာလည်အောင် နှုတ်ဆက်နေရတယ်လေ.... ,

Yoongi Hyung ကလဲ သူ့အတန်းကိုတောင်မပြန်ပဲ  အခန်းရှေ့မှာ တစ်ချိန်လုံး လာစောင့်နေတာ... သူ့ကိုလဲ တကယ်အားလဲနာပီး စိတ်လဲရှုပ်မိတယ်....

မနက်ကလဲ အိမ်မှာ ကုကု တစ်ယောက် ယောက်ယက်တွေခတ်ပီး သူ့ကိုကျောင်းအတူသွားဖို့ အတင်းလိုက်ကပ်နေတာကို  အမြင်ကပ်လို့  တစ်ယောက်ထဲ လစ်ထွက်လာခဲ့မိတယ်...

ဟုတ်တယ်လေ.. Appa တို့ Omma တို့ လာတုန်းလေးအနားကပ်ချင်တာကို  သူကကြီးပဲ Appa တို့ Omma တို့ကိုအပြင်တွေခေါ်သွားပီးတော့  သူ့ကိုတော့ နေမကောင်းလို့ အိမ်မှာကြီးပဲ နေခဲ့ခိုင်းတာ.... လူံးဝ မကျေနပ်ဖူး...

အဲ့တာကြောင့် ကျောင်းဆင်းရင်လဲ တစ်ယောက်ထဲပဲ ပြန်မှာ  ကုကုနဲ့မပြန်ဘူးလို့ စိတ်ထဲတေးထားမိတယ်..

_______________________

မနက်ကထဲက ကျောင်းကို အတူတူသွားချင်လို့ လိုက်ကပ်နေပေမဲ့  သူမသိလိုက်ခင်  လစ်ထွက်သွားပီးတော့       သူ့ကို လုံးဝအမြင်မကြည်တဲ့  အကောင်ပေါက်လေးကြောင့်  စိတ်ဓာတ်တွေကျနေမိတယ်....

အခုလဲ မနေနိုင်လို့ အတန်းထဲမှာ အဆင်ပြေရဲ့လားဆိုပီး သွားချောင်းတာ  ကိုယ်တော်ချောလေးက  အဆင်ပြေတဲ့အပြင်  ဝိုင်းဝိုင်းလည်နေကြတဲ့ သူတွေကြောင့်  သူ့ဘာသာပဲ စိတ်တွေတိုပီး အဆောင်ကို ပြန်လာခဲ့ရတယ်လေ...

ဘယ့်နှယ်... အဲ့လောက် စန်းပွင့်နေမှတော့  ဒီကလူက ကြာရင် အူတိုရလွန်းလို့ ရူးသွားနိုင်တယ်... အရင်က သူ့အပြစ်တွေကြောင့်သာ မဟုတ်ရင် အခုချက်ချင်း ဖွင့်ပြော အခုချက်ချင်း အပိုင်သိမ်းပီး  "ကုကု မှ အပ  အကောင်ပေါက်လေးကို မည်သူ့မှ မထိရ " ဆိုပီးကို ကြေညာလိုက်ချင်တယ်..........

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now