Part-19

11.8K 1K 53
                                    

ကွာဝေးမှု မိုင်ပေါင်း ၄ထောင့် ၃ရာ ၆ဆယ့် ၂မိုင် ***
ခြားနားမှု စက္ကန့်ပေါင်း ၃ ထောင် နဲ့ ၆ ရာ ***
နာရီအားဖြင့် ၁ နာရီ ***
အလွမ်းပေါင်းကတော့ ကဠေကဠာ ပေါ့ ***

လွမ်းရပါသည်...........

ဆွေးရပါသည်...........

အချစ်ရဲ့ ဒုက္ခက လွမ်းဆွေးရခြင်း ဆိုလျှင် ဒီကောင်လေး ၂ယောက်မှာတော့ ထို ဒုက္ခကို အတတ်နိုင်ဆုံးလှပအောင် ပြောင်းလဲပီး ထပ်တူညီသော ချစ်ခြင်းတွေဖြင့် ကမ္ဘာတစ်ဖက်စီမှ ပုံဖော်နေကြသည်လေ..........

၃နှစ်............ ၃နှစ်အထိ အလွမ်းကာလ ရှည်ကြာခဲ့သည်။

ထို ၃နှစ်အတွင်း ပြောင်းလဲမှုများစွာဖြင့် လှုပ်ရှားရုံးကန် နေခဲ့ကြရင်းမှ မပြောင်းလဲသည်ကတော့ ဒီကောင်လေး၂ဦး၏ ချစ်ခြင်းမေတ္တာများ နှင့် အလွမ်း၏ထုထည် သာ တည်မြဲနေခဲ့ကြသည်။

Jeon Jungkook မှာ ထို ၃နှစ်အတွင်း အမှန်တကယ်ပင်မအားလပ်နိုင်.., အားလပ်ရက် ရလျှင်တောင် Koreaကို ခဏအလည်ပြန်ဖို့ အခွင့်အရေးမရှိ.., ဥပဒေပညာတွင် ပါရမီပါလို့လား နဂိုထဲကထက်မြတ်ပြီး တော်တာကြောင့်လားတော့မသိ Jungkook တစ်ယောက် Junior Law student တွေကြားတွင် ပညာတော်သည်ဟူ၍ နာမည်ကြီးကာ တချို့သော Senior Lawyerကြီးတွေကပင် Jeon ကို အမှုကိစ္စတစ်ချို့ကို လက်လွှဲကာ ဆုံးဖြတ်ခိုင်းသည်အထိပင်။

ထို့ကြောင့် သာမန်ကျောင်းသွားတက်သည်ဆိုသည်ထက်ပင် အလုပ်ရှုပ်ကာ မအားလပ်နိုင်ရှာ... ယခု Term Paperများနှင့် Thesis အချို့ကို အပီးသပ်တင်ပီးလျှင်တော့ ဘွဲ့ရတော့မည်ဖြစ်တာကြောင့် သူ့အသဲလေးကို အဆက်အသွယ်မလုပ်နိုင်သည်မှာ ၂လလောက်ပင်ရှိတော့မည်။

Park Jimin ဆိုသည့် လူသားလေးမှာလဲ အလွမ်းဝေဒနာက တစ်ကန့် ကျောင်းစာကတစ်ကန့်ဖြင့် ကြိုးစားနေခဲ့မိသည်မှာ E-Major အထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပီးဖြစ်တာကြောင့်  အလုပ်အကိုင်တော့ မယ်မယ်ရရ မလုပ်ဖြစ်သေးပဲ  သူဝါသနာပါသည့် Florists (ပန်းအလှဆင်ခြင်း) ပညာကို Jungkook Ommaဆီမှ သင်ယူရင်း ကူညီလုပ်ကိုင်ပေးဖြစ်သည်။

Jungkook ၏အားလပ်ချိန်လေး ရရင်ရသလို Video Call ပြောပီးလျှင်ဖြစ်စေ , လွမ်းလွန်းသည်ကြောင့်ဖြစ်စေ ,,, အိမ်မှာနေရင်း ကုကု၏ အိပ်ခန်းလေးထဲသို့ဝင်ကာ ကျန်ရှိနေခဲ့သည့် အဝတ်အစားလေးတွေထည့်ထားသည့် ဗီရိုထဲသို့ ဝင်ကာ ကိုယ်သင်းနံ့လေးကို နမ်းရှိုက်ရင်း သတိလစ်မတတ် ငိုတတ်သည်မှာလဲ Park Jimin ၏ အကျင့်တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now