Part-22

13.5K 1.1K 156
                                    

"   ဟိုး.............ဟိုး........... အဲ့တာကို မပြစ်နဲ့............"

ရုတ်တရက် နောက်ဖက်နားက အော်လိုက်တဲ့အသံကြောင့် Jiတစ်ယောက် လက်အရှိန်တန့်သွားကာ အော်တဲ့သူကိုလှည့်ကြည့်လိုက်တော့.........

သူ့ကို စူပုတ်ပုတ်နဲ့ စိုက်ကြည့်နေတဲ့ သူသိပ်ချစ်ရပါသော မြတ်နိုးရပါသော ကုကုကီ..........

"ဟင်........ ကုကု......"

အံ့ဩတကြီးပုံစံနဲ့ ပါးစပ်အဟောင်းသားလေးဖြစ်ကာ မျက်ရည်တွေကို အလျှင်အမြန်သုတ်လိုက်ပီး ထိုင်နေရာကနေ မတ်တပ်ထရပ်ကာ သူသိပ်ကို လွမ်းနေရပါတဲ့ ချစ်ရသူနဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

" ခများကြီးက ဒီကိုဘာလာလုပ်တာလဲ "

အလိုလေး ခုနကပဲ လွမ်းလို့ငိုနေပါတယ်ဆိုတဲ့ အကောင်ပေါက်ကလေးက ချက်ချင်းကို အပြောင်းအလဲ မြန်လိုက်တာဆိုတာ....

" ကို့ကိုပြောတာလား? "

" ဒီနေရာမှာ ခများ နဲ့ ကျွန်တော် ၂ယောက်ထဲရှိတာ ခများကိုမပြောလို့ ကို့ကိုကို ပြန်ပြောရမှာလား "

" ဒီကို အလုပ်ကိစ္စရှိလို့လာတာ "

" ဪ အင်းပေါ့..... ခများက နဂိုထဲက ရည်မှန်းချက်ကြီးတဲ့သူဆိုတော့ အလုပ်ကိစ္စကလွဲရင် ဒီကို လာစရာအကြောင်းမှ မရှိတာ "

Ji Ji လှည့်ကြည့်လိုက်ကထဲက သူ့ကို စူပုပ်ပုပ်နဲ့ အကြည့်စူးစူး စိုက်ကြည့်နေတဲ့ ချစ်ရသူက အရင်ကချစ်လွန်းလို့ လိုက်ကပ်နေပါတယ်ဆိုတဲ့ သူ့ရဲ့ ကုကုကီ ကို လူစားထိုးထားသလို အေးစက်စက်နိုင်တဲ့ ပုံစံကြောင့် Ji Ji စိတ်ထဲကမပါပေမဲ့ အငေါ်တူးစကား တွေပဲ ပြောဖြစ်သည်။

တကယ်တမ်း မြင်မြင်ခြင်း ပြေးဖက်လိုက်ချင်ပေမဲ့ ကုကုကီက သူရဲ့ချစ်သူမှ မဟုတ်တော့တာလေ။

" Banana Milk ဘူးကို ဘာလို့ လွှင့်ပစ်မလို့လုပ်တာလဲ "

" ဘာလဲ ခများသောက်ချင်လို့လား... ဒါဆိုလဲရော့.... ကျွန်တော်သွားပီ..."

လက်ထဲကဘူးလေးကို Jungkook ရဲ့လက်ထဲထည့်ပေးလိုက်ပီးတာနဲ့ ချက်ချင်းကျောခိုင်းကာ ပြေးထွက်လာခဲ့သည်။

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now