Part-14

15.5K 1.3K 119
                                    

"အာ့..... ရင်တွေပူလိုက်တာ... ရေ... ရေ.."

တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမသောက်ဖူးတာရယ် ပထဦးဆုံးအကြိမ်မှာပဲ အသည်းကွဲဝေဒနာနဲ့ နင်းကန်ပီးစွတ်သောက်ထားတာကြောင့် Jimin တစ်ယောက် ရင်တွေပူကာ မနက်၃နာရီ လောက်ကြီးနိူးလာပေမဲ့ မျက်လုံးတောင်မဖွင့်နိုင်ပဲ လူးလွန့်နေမိ၏

Jimin Pov's

*ပူရတဲ့အထဲ Taeကဘာလို့ အတင်းဖက်ပီးလာအိပ်နေတာလဲ.... *

အိပ်ချင်မူးတူးနဲ့ မျက်လုံးကိုသေချာဖွင့်ပီး ကြည့်တော့မှ သူထင်သလို Taeကဖက်အိပ်ထားတာမဟုတ်ပဲ... အိပ်မောကျနေသော ဖြူဖြူစင်စင်မျက်နှာလေးနှင့် သူအရမ်းကို မြတ်မြတ်နိုးနိုး ချစ်ရပါသော ကုကု ဆိုသည့် လူသားဖြစ်နေတာကြောင့် သူအရမ်းအံ့ဩမိသွား၏...

သူ့တစ်ကိုယ်လုံးကို နေရာလွတ်မရှိအောင်သိမ်းကျူံးပီး ဖက်ထားကာ သူကိုယ်တိုင်ကလဲ ရင်ခွင်ကျယ်ထဲကို မျက်နှာအပ်ကာ အိပ်ပျော်ခဲ့သည့် အနေအထားကြောင့် သူ့ကိုယ်သူ မယုံနိုင်.....

.....*အိပ်မက်... အင်း.... ဒါအိပ်မက်ပဲဖြစ်မှာ... ငါညကဘယ်လောက်တောင်သောက်ပီးမူးနေလို့ အိပ်မက်ကိုတောင် တကယ့်အစစ်လို့ခံစားနေရတာပါလိမ့်....အိပ်မက် ဟုတ်မဟုတ် ကုကု ကို ဆွဲဆိတ်ကြည့်ရမယ်... ငါ့ကိုငါဆွဲဆိတ်ရင် အိပ်မက်ဆိုတော့ နာချင်နာမှာ.... ကုကုက အိပ်မက်ထဲမှာဆိုတော့ နာလဲအားနာစရာမလိုဘူး..ဟိဟိ..*

"အင့်...ဟာ..."

"အား!!!! ကလေးလေး ဘာလုပ်တာလဲ... ဘာလို့ဆွဲဆိတ်တာလဲ!!!!"

"ဟမ်.... ဒါအိပ်မက်မဟုတ်ဖူး...."

အိပ်ပျော်နေရာမှ လက်မောင်းကို ညှပ်နှင့်ဆွဲလိမ်လိုက်သလို ခံစားလိုက်ရတာကြောင့် နာလွန်းလို့ အော်လိုက်မိတယ်ဆိုရင်ပဲ Jimin တစ်ယောက် အလန့်တကြားဖြစ်သွား၏...

"ခများကြီး..... ခများကြီး ဘာလို့ Jiအခန်းထဲရောက်နေတာလဲ.... ဘာလို့.. ဘာလို့ Jiကိုလာဖက်ထားပီးအိပ်နေတာလဲ.... သွားသွား... အခုထွက်သွား.."

"မသွားပါဘူး... ဘာလို့သွားရမှာလဲ.... ဒါ ကို့အခန်းလေ ကလေးလေး သေချာကြည့်ပါအုန်း..."

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now