Part-7

15.6K 1.3K 85
                                    

ဖက်ထုပ်ဆိုင်မှ အပြန်လမ်းတွင်... ဘာစကားတစ်ခွန်းမှမပြောဖြစ်ကြပဲ တောင့်တောင့်ကြီးလမ်းလျှောက်နေသူတစ်ယောက်၏ဘေးတွင် ပုပုသေးသေးလေးကဘောက်ဆက်ဆက်လမ်းလျှောက်ကာ ဘေးကရှုတည်တည်နှင့် သူ၏မျက်နှာကို လှည့်ကြည့်လှည့်ကြည့်ဖြင့် ပါလာလေ၏.......

Jimin ကပင်စက.....

"ကုကု......"

"............"

"ကုကု...လို့"

"ဘာလဲ......."

"ကုကုကဘာလို့ Jiကို စကားမပြောတာလဲ? "

" မင်းမပြောတာလေ.. ငါမပြောတာမှမဟုတ်တာ"
" ArrNyi.. ကုကုကမပြောတာပါ မပြောတာ တစ်ပတ်တောင်ရှိပီ.."
"........."
" ကုကု...... Ji တောင်းပန်ပါတယ်နော်"

"ဘာကိုလဲ..." (ဘာကိုတောင်းပန်မှန်းသိပေမဲ့ အသေးလေးကသူ့ကိုဆို မခန့်လွန်းလို့ ခပ်တင်းတင်းပဲ တုံ့ပြန်မိသည်)

"Jiလေ... အဲ့နေ့ကအတူတူမပြန်ချင်လို့မဟုတ်ပါဘူး.. Taehyung ကလေ ကျောင်းကအပြန် တော့ပုကီ စားချင်တယ်ဆိုလို့.. အဲ့တာလေသူက Jiရဲ့ သူငယ်ချင်းအသစ်ကလေးမလား ငြင်းရင်မကောင်းဘူးလေ.. အာ့ကြောင့် ကုကု ကိုထားခဲ့တာ"
(ဘာမှမဆိုင်သော Taehyung ကိုဆွဲထည့်ကာ Jiလိမ်မိသည်.... တကယ့်အကြောင်းရင်းကိုပြောလိုက်ရမှာကို ဘာကြောင့်မှန်းမသိ တွန့်ဆုတ်နေမိခြင်းကြောင့်ပင်ဖြစ်သည်....)

"အင်း.... ပီးရော"

" ဂျီ့ ကိုပြန်ခေါ်မယ်မလားဟင်? "

"........"

"ကုကုလို့.... Jiကို ပြန်ခေါ်မယ်မလားလို့.... ရော့ ၂ခုထဲက၁ ခုရွေး "

(သူ၏ လက်မလေးနှင့် လက်သန်းပုပု တိုတိုလေး ၂ချောင်းကိုထောင်ကာ ရွေးခိုင်းလိုက်သည်... လက်မကိုရွေးလျှင် ပြန်ခေါ်မည့်သဘောဖြစ်ကာ လက်သန်းကိုရွေးရင်တော့ မခေါ်ဘူးဆိုသည့် မူလတန်းကလေးလေးတွေစိတ်ကောက်ကြရင် လုပ်လေ့ရှိသော အလေ့အထလေးဖြစ်သည်)

"ဟာ... ကလေးကလားနဲ့"
ပုံမှန်ဆိုရင် Jungkook တစ်ယောက်ဒီလိုကလေးကလားအလုပ်ကိုစိတ်ရှုပ်မိမှာသေချာပေါက်ပင်... ဒါပေမဲ့အခုတော့ သူ့ရှေ့မတ်တပ်ရပ်ကာ ရုပ်တည်ဖြင့် တကယ်ကြီးရွေးခိုင်းနေသော အကောင်ပေါက်လေးကိုကြည့်ကာ သူ၏လက်သန်းပုစိလေးကြောင့် စိတ်ထဲယားကျိကျိဖြင့် အူရွှင်လာသလိုခံစားမိ၏...

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now