Part-17 (++ Warning Alert🔞)

24.9K 1.2K 259
                                    

ညစာစားပီးသွားတဲ့နောက် TVဇာတ်လမ်းတွဲကို ၄ယောက်သားထိုင်ကြည့်နေကြပီးမှ.......

Namjoon တို့လင်မယားကတော့ ညဘက်စောစောအိပ်တတ်တဲ့အကျင့်ရှိလို့ အိပ်ရာဝင်သွားကြလေတယ်..

ဧည့်ခန်းထဲက TVရှေ့မှာ ၂ယောက်ထဲကျန်ခဲ့ပီး TVကြည့်နေရင်းနဲ့မှ Jungkook တစ်ယောက် Jimin ကို ဘာစကားမှ မပြောပဲ ကောက်ကနဲ ခြံထဲဆင်းသွားလေရဲ့....

"ကုကု.... TV ဆက်မကြည့်တော့ဘူးလား..... ကုကုရေ...."

Jimin ကလှန်းအော်ခေါ်လိုက်ပေမဲ့ Jungkook ဆီကဘာမှတုံ့ပြန်သံမကြားရတာကြောင့် Jimin ပါမနေနိုင်ပဲ ခြံထဲဆင်းလိုက်သွားလိုက်တော့....

သူ့ကိုကျောပေးကာ မတ်တပ်ရပ်လက်ပိုက်ပီး ကောင်းကင်ကိုမော့ကြည့်နေတဲ့ ကုကုကြောင့် Jimin စချင်စိတ်နဲ့ နောက်ကနေခါးလေးကို သိုင်းဖက်လိုက်ရင်းမှ..........

"ကုကု....ဘာလုပ်..."

".................." (ဘာမှမတုံ့ပြန်)

"ကုကု...... ဘာကြည့်...."

"............." (ဘာမှမတုံ့ပြန်)

Jimin နဲနဲတော့ ရိပ်မိသည် သူ့ကုကု သူ့ကိုစိတ်ဆိုးနေပီဆိုတာကို..........

"ဝူဒီ ကုကုကီ ရဲ့ ကျောပြင်ကြီးက နွေးလိုက်တာကွာ...ရင်ခွင်ထဲဆိုဘယ်လောက်နွေးလိုက်မလဲမသိပါဘူးနော်......... "

သူ့ကို ချော့နေပီ ဆိုတာသိပေမဲ့ Busanကို ရောက်တဲ့နေ့ကထဲက ဆက်တိုက်ပစ်ထားတဲ့ အကောင်ပေါက်ကြောင့် Jungkook တစ်ယောက် ဝမ်းလဲနည်းကာ စိတ်လဲကောက်မိ၏....,

ဟုတ်တယ်လေ.. ကိုကမှ သူ့မျက်နှာ တစ်ရွာထင်ပီးလိုက်လာပါတယ်ဆို သူကအဲ့လိုပစ်ထားတော့ ဝမ်းနည်းတာပေါ့....,.

Jk Pov's

နေပေ့စေ... လုံးဝ စိတ်ဆိုးမပြေဘူး....... တင်းထားစမ်း JK.. လုံးဝစိတ်မလျှော့လိုက်နဲ့.......

"ဒီမှာဗျ..... ရင်ခွင်ထဲ ဝင်ချင်လို့ဗျ..."

"............." (တုတ်တုတ်မှ မလှုပ်..)

Jungkook ရဲ့ ခါးကို ပိုတိုးကာ ဖက်လိုက်ပီး ကျောပြင်ထဲနစ်ဝင်သွားအောင် မျက်နှာကိုတိုးလိုက်ကာ ခေါင်းနဲ့ဘယ်ညာဝှေ့လိုက်ပီး...........

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now