Part-8

16.1K 1.6K 219
                                    

"Jimin Shi... တော်တော်ပျော်နေတယ်ပေါ့"

"Nae?? ဘာကိုလဲဟင်.. ကုကု?"

"အဆောင်ရှေ့မှာစကားပြောနေတာ ဘယ်သူနဲ့လဲ... သူကဘယ်က လူလဲ? "

" Arr... Yoongi Hyung ကိုပြောတာလား.. သူက E-major Third Yearကတဲ့.. jiရဲ့စီနီယာပေါ့...Ji ကိုသူကအရင်လာမိတ်ဆက်တာ သိလား ကုကု.. ji ရဲ့ နာမည်ကိုလဲလေ သူက သိနေတာ ဗျား... ဟိ.. "

"အဲ့တာ ငါက ဘာလုပ်ရမှာလဲ"

"ဟာ.. ကုကုနော်... မေးလို့လဲဖြေရသေးတယ်... ဘာလဲ.. ကုကု က ရန်စချင်တာလား"

(နှုတ်ခမ်းတစ်တောင်လောက်ဆူထွက်ပီးမျက်နှာလေးကိုမဲ့ချင်ယောင်ဆောင်ကာ လက်သီးလေး၂လုံးဆုပ်ပီး စိန်ခေါ်လိုက်သည့် ကြက်ပေါက်ကြောင့် Jungkook ခမျာ ခနကဒေါသတွေဘယ်ပျောက်သွားမှန်းမသိလိုက်တော့... သေချာတာကတော့သူ့ဒေါသတွေက Jimin အတွက်မဟုတ်လောက်ပါပေ.)

"အံမာ.... မလောက်လေးမလောက်စားလေးက.. ငါလုပ်လိုက်ရင် တစ်ချက်စာတောင်မရှိပဲနဲ့.."

"အဲ့တာဆိုလဲ.. ကုကုက ရန်မစနဲ့ပေါ့... မျက်နှာကြီးကလဲစူပုပ်နေပြန်ပီ.."

"အဲ့ စီနီယာဆိုတဲ့ သူနဲ့ မပတ်သက်နဲ့.."

"Wae? ဘာလို့လဲ?"

"မပတ်သက်နဲ့ဆို မပတ်သက်နဲ့ပေါ့... Seoul ကမြို့သားဒေကိုများ ဘာမှတ်လို့လဲ.. မင်းလိုကလေးပုံစံလေးကို ရောင်းစားသွားမှာ.."

"ArrNyi.... သူရောင်းမစားနိုင်ပါဘူး... Jiမှာ ဗလကြီးကြီး Bodyguard ကြီးတစ်ယောက်လုံးရှိသားပဲဟာ.."

"အမ်... ဘယ်မှာလဲ"

"ဒီမှာလေ... ဟောဒီက ကုကုပေါ့... ဟိ .. "

Jungkook ၏ရင်ဘတ်ကို လက်ကလေးနှင့်ပုတ်ကာ ပြောလိုက်သော Jiminကြောင့် Jungkook အတွက်ကမ္ဘာကြီး လည်ပတ်မှု ခေတ္တရပ်တန့်သွားခဲ့သည်......

သိပ်စကားတတ်တဲ့ကောင်လေး... သိပ်ချစ်စရာကောင်းတဲ့ကောင်လေး... သူ့ထက်၂နှစ်လောက်သာငယ်ပေမဲ့ အကြောင်းမသိသူဆို ၁၀နှစ်လောက်ကွာသလိုထင်ကြလိမ့်မည်... ဒီကောင်လေးဒီလိုကလေးဆန်ပီးချစ်စရာကောင်းနေတာမို့လဲ သူ့မိဘတွေက စိတ်မချနိုင်တာဖြစ်မည်..... သေချာတာကတော့ သူဒီမှာကျောင်းတက်ဖြစ်နေမည့်အတောအတွင်း ဒီအကောင်ပေါက်လေးကြောင့် ပျင်းနေရမှာတော့မဟုတ်ပဲ ရသစုံခံစားနေရမည်ကတော့သေချာသည်..... အဲ့ရသတွေထဲမှာ အချစ်ရဲ့ရသ ပါ မပါကတော့ သူကိုယ်တိုင်လဲသေချာမသိ.....နေပါအုန်း... အခုငါ အချစ်အကြောင်းတွေးလိုက်တာလား????

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now