final and ဈေးဗန်း

44.3K 2.9K 270
                                    

[Zawgyi]
ဒီနေ့တော့အိမ်မှာလူစုံတက်စုံပါပဲ..အဘယ့်ကြောင့်လဲဆိုတော့ပေါက်စီလုံးလေးအားအမည်ပေးကင်မွန်းတတ်ပွဲနှင့်တစ်နှစ်ပြည့်မွေးနေ့ပွဲလုပ်ရန်ရောက်လာကြခြင်းဖြစ်သည်။

ရုံးမှဝန်ထမ်းများကလည်းလာရောက်ကူညီလုပ်ကိုင်ပေးနေကြသည်မို့ သိပ်တော့မပင်ပန်းလှ။.မွေးနေ့မတိုင်ခင်တစ်ရက်အလိုထဲကဖိတ်စာအားလုံးကိုဝေခဲ့ပြီးဖြစ်သည်...။

ထိုအခါမှ..အားလုံးကအံ့သြနေကြသည်..သူတို့ကလူချောကိုလူပျိုလို့ထင်ထားကြသည်ကိုးး.။လွန်းလွန်းရဲ့တစ်ချက်လွှတ်အမိန့်တော်ကြောင့်လူချောလည်းသူထားခဲ့ဖူးသမျှရည်းစားများအားလုံးကိုဖိတ်လိုက်ရသည်။

လူချောလည်းအပြင်မှလက်စွပ်သွားရွေးပြီးနောက်ပြန်လာတော့ညနေပင်စောင်းတော့မည်..ပြီးနောက်အိမ်သို့ရောက်သောအခါ..အလှဆင်ထားသောဘောလုံးလေးမျာနှင့်မွေးနေ့အပြင်အဆင်ကြောင့်မှင်သက်မိသည်။

လူတိုင်းနီးပါးကိုယ့်အလုပ်ကိုယ်ဝိုင်းဝန်းကူညီနေကြပေမယ့်...သရဖီဆိုသည့်တစ်ယောက်ကတော့သူရနားလိုက်ကပ်နေသည်..မိမိအမြင်မှားတာတော့မဖြစ်နိုင်..ဘာကြောင့်ဆို..လင်းခန့်တစ်ယောက်မျက်နှာမှာဒေါသထွက်မှုကအတိုင်းသားမြင်နေရသောကြောင့်ပင်။

လွန်းလွန်းကိုရှာကြည့်မိတော့...အိမ်ရှေ့ခန်းထဲမှာပေါက်စီလုံးလေးအားချော့မြူ နေလေသည်။

ပေါက်စီလုံးလေးအားရေချိုးပေးထားပြီးပြီထင်သည်..ယုန်နားရွက်လေးပါသောခေါင်းဆောင်းလေးဝတ်ပေးထားပြီး..တစ်ကိုယ်လုံးကိုလဲယုန်ပေါက်စလေးကိုအဖြူ ဝမ်းဆက်လေးဝတ်ပေးထားသည်..လုံးလုံးတစ်တစ်ကိုယ်လေးနဲ့ဝတ်စုံလေးကြောင့်တစ်ကယ့်ကိုပေါက်စီဖြူလေးအတိုင်းချစ်ဖို့ကောင်းနေပေသည်။

ပေါက်စီလေးက လက်ကလေးဆန့်ကာ သူ့ဆီလှမ်းနေပြီး ဝူးဝူးဝါးဝါးအော်နေတော့မှ လွန်းလွန်းက လူချော ရောက်နေမှန်းသိတော့သည်။

"ဟင်..ကိုကို...ပြန်ရောက်လာပြီလား.."

"အင်း..ကလေး..သားကိုကိုယ့်ကိုပေးခဲ့..ရော့ဒီမှာဝတ်စုံ..ကလေးသွားပြင်ဆင်လိုက်တော့..."

ကိုလူချောနဲ့အမွှေစိန်တို့ရွာ(ကိုလူချောနဲ့အမွှေစိန်တို့ရွာ){Complete}Where stories live. Discover now