[Zawgyi]
လွန်းခန့်ထည်မှာ မြို့သားကိုခေါ်ကာ အိမ်ရှေ့ကွပ်ပျစ်ဆီသို့သာခေါ်လာခဲ့လေသည်။"လာဗျာမြို့ကလူကြီး...အိမ်ရှေ့မှာပဲထိုင်ကြတာပေါ့"
"အင်း"
လူချောမှာ ပေါက်စခေါ်လာသည့်နောက်သို့သာလိုက်လာခဲ့လေသည်။
နွေအချိန်မို့နေ့ဘက်မှာသေလောက်အောင်အပူချိန်ပြင်းသလောက်ညဘက်တွင်တော့လရောင်ဖွေးဖွေး...လေတဝှေ့ဝှေ့ဖြင့်အပူတော့သက်သာသလောက်ရှိသည်။အိမ်ရှေ့တွင်ထိုင်စရာဝါးကွပ်ပျစ်တစ်ခုရှိပြီးအရိပ်ကောင်းကောင်းရသည့်မန်ကျည်းပင်ကြီး၏အောက်တွင်နေရာချထားခြင်းဖြစ်သည်။
"ခင်ဗျားဒီမှာခနထိုင်အုံးဗျ....ကျွန်တော်ပုလွေသွားယူအုံးမယ်...ညဆိုပုလွေသံနဲ့မှပနံသင့်တာပေါ့..လေလေးတဖြူးဖြူးပုလွေသံတမြူးမြူးမှကောင်းတာ"
"အင်းအင်းသွားယူလေ"
သူကပေါက်စကိုပြောလိုက်ရင်းကွန်ပျစ်ပေါ်တွင်ထိုင်ချလိုက်လေသည်။
ငွေရောင်လမင်းကြီးကသူရဲ့ငွေရည်တွေကိုကမ္ဘာမြေပြင်ပေါ်သို့ဖြည်းဖြည်းငြင်သာစွာအလင်းရောင်ဖြန့်ကျက်ပေးနေသည်။.လရောင်ရဲ့အရိပ်ကအရမ်းကိုအေးမြလွန်းတယ်ဆိုတာသိလာခဲ့ရသည်။ကျွန်တော်တွေးမိတာကဒီလိုအရာမျိုးတွေကိုအရင်ကမမြင်ခဲ့မိပါလားဆိုတာပဲ....မမြင်မိတာဆိုတာထက်သတိမထားမိခဲ့ပါတာဆိုပိုမှန်မယ်။
သူကထိုင်ကာ ကောင်းကင်ကြီးအားမော့ကြည့်နေရင်းမှထိုင်နေရာမှထလိုက်လေသည်။လမ်းလျှောက်လာရင်းခြံစည်းရိုးပင်ကျော်လုမတတ်ရှိလေတော့သည်။လရောင်အောက်ဘက်..ရွာလည်လမ်းမကြီးပေါ်တွင်ကလေးများကအုပ်စုဖွဲ့၍ဆော့ကစားနေကြသည်မှာလည်းကြည်နူးစရာအတိပင်..။..နောက်ထပ်သိလာရသည်ကမြို့နေကလေးငယ်များမှာငယ်ရွယ်သောကလေးဘဝအပူအပင်ကင်းစွာဆော့ကစားခဲ့ရသည့်အချိန်များကိုဆုံးရှုံးနေကြခြင်းပင်...သူတို့မှာအချိန်ပြည့်စာချည်းပဲသင်...ပုံသေရိုက်သွင်းထားသကဲ့သို့ဖြစ်နေကြလေသည်။
သူက ရှေ့သို့ဆတ်ကာလျှောက်လာမိလေသည်။
လရောင်အောက်တွင်အချို့မိန်းခလေးများကမိမိတို့အိမ်ရှေ့တွင်ဗိုင်းငင်ကြသည်။ဗိုင်းငင်တာသူကြားသာကြားဖူးပေမယ့် ယခုမှသာ လက်တွေ့မြင်လိုက်ခြင်းပင်။ထိုအနားတွင်လည်းယောကျာ်းလေးတစ်ချို့ကဝိုင်းဖွဲ့ကာစကားပြောနေကြဟန်တူသည်။အချို့ကလည်းဝိုင်းဖွဲ့စကားပြောနေကြသည်မှာအေးချမ်းသောလူနေမှုဘဝ...ချစ်စရာကောင်းသောတောဓလေ့များကိုတွေ့လာခဲ့ရလေသည်မို့ သူ့စိတ်တွေအေးချမ်းလာတာတော့အမှန်ပင်။
![](https://img.wattpad.com/cover/221287524-288-k414914.jpg)
YOU ARE READING
ကိုလူချောနဲ့အမွှေစိန်တို့ရွာ(ကိုလူချောနဲ့အမွှေစိန်တို့ရွာ){Complete}
Romanceယခုရေးသားထားသောအကြောင်းအရာများသည်စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်.. .. ..