part 1

14.1K 535 6
                                    


Unicode..........

မဟာမြတ်မုနိ ဘုရားကြီးတွင် ဖြစ်သည်။

"မရဘူးကွာ ငယ်ပြောနေတယ်လေ နန်းဒီပန်းကို နှစ်ဆပေးဝယ်မယ်လို့ နန်းကို ဒီပန်းရောင်းပေး"

ဘုရား၏ ရှေ့မုဒ်ရှိ ပန်းဆိုင်တွင် ပဒုမ္မာကြာစည်းလေးကို ကိုင်ကာ ဆိုင်ရှင်အား ပိုက်ဆံအတင်းပေးနေသော သူမ။

နန်းရေးငယ်။

​စော်ဘွားမျိုးနွယ်က ဆင်းသက်လာသူပီပီ နှင်းကဲ့သို့သော နူးညံ့သည့် အသားရည်ထက်တွင် မြန်မာဝတ်စုံ အနီရဲလေးကို ဝတ်ဆင်ထားသည်။ငယ်စဉ်ကတည်းက အလိုလိုက် အကြိုက်ဆောင် ခံခဲ့ရသည်သူမို့ အနည်းငယ် ဆိုးနေဟန်တူသည်။ယခုလည်း လိုချင်တာ မရသည့် ကလေးတစ်ယောက်လို အနည်းငယ် ဒေါသထွက်နေသဖြင့် ပန်းဆီရောင် နှုတ်ခမ်း​လေး နှစ်လွှာမှာ အနည်းငယ် ဆူနေလေသည်။

"တကယ်မရလို့ပါညမလေးရယ် အမတို့ကိုလည်း မှာသွားတဲ့သူဆီက ပိုက်ဆံယူပြီးသား ဖြစ်နေလို့ပါ"

"ဟာ ဒါဆို ပိုက်ဆံပြန်အမ်းလိုက်လေ နန်းကိုပြော  နန်းဘယ်လောက်ထပ်ပေးရမလဲ ပြောလေ နန်း အမ ​တောင်းသလောက်ပေးမယ် နန်း ဒီပန်းကိုပဲ လှူချင်တာ"

လက်ထဲတွင် တစ်သောင်းတန်တွေကို ဆိုင်ရှင်ဆီ အတင်းပေးထိုးပေးနေသည်။ဆိုင်ရှင်ကား မျက်နှာ အထပ်ထပ်ပျက်နေသည်။

"တစ်ခြားပန်းကပ်လိုက်ပါ ညမလေးရယ် အမတို့လည်း တကယ် မရလို့ပါ"

"တောက်စ် မေမေ မေမေယူထားတဲ့ ပန်းတွေပေး ဒီမှာ အကုန်ပြန်ယူလိုက် နန်းတို့ မယူတော့ဘူး "

နန်းရေးငယ်တစ်ယောက် ဒေါ်မာလာနှင်း ယူထားသည့် ပန်းတွေအားလုံးကို ဆွဲလုကာ ဆိုင်ရှင်ကို ပြန်ပေးလိုက်လေသည်။ထို့နောက် ဒေါ်မာလာနှင်း၏ လက်ကို ဆွဲကာ ဘုရားရှိရာသို့သာ ထွက်ခဲ့လေသည်။
.
.
.

ယနေ့သည် ​ဖေဖေရဲ့ သေဆုံးခြင်းနှစ်ပတ်လည်နေ့မို့ ရွှေသင်္ကန်းကပ်ရန် ဘုရားလာဖြစ်သည်။ပဒုမ္မာကြာလှူချင်သည်မို့ သေချာပင် ပိုက်ဆံပေးကာ ကြိုမှာထားလိုက်လေသည်။ဘုရားရောက်တော့ ပန်းဆိုင်သို့ဝင်ကာ ပန်းဝင်ယူရင်း ပန်းသည်အဒေါ်ကြီးက ပန်းကို အားကိုးတကြီး ထိုးပေးကာ...

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now