part 20

3.2K 322 5
                                    

ရတု ရေပြင်ညီ ပြောတဲ့ လိပ်စာအတိုင်း မောင်းလာခဲ့သည်။ခြံရှေ့ကိုရောက်ရောက်ချင်း ချက်ချင်း ပြေးဆင်းကာ အရူးတစ်ယောက်လို ပူပန်သည့် သူမကို စိတ်မချတာကြောင့် ကိုယ်ပါလိုက်ကူပေးလိုက်သည်။
ကားကို ပေါ်က ဆင်းဆင်းချင်း အိမ်ထဲ ဝင်မည်အလုပ် ကျယ်လောင်တဲ့ သူမရဲ့ အော်သံကြောင့် အိမ်ထဲကို ခွင့်ပြုချက်မတောင်းပဲ အပြေးဝင်လာလိုက်သည်။မြင်လိုက်ရသည်က သွေးတွေနဲ့ လဲကျနေသော မိန်းကလေး ပွေ့ချီကာ ငိုကြွေးနေသော သူမ။
ပါးစပ်မှလည်း မဟုဘူး ဟု အကြိမ်ကြိမ် ပြောကာ ငိုနေလေသည်။

ငယ်ရဲ့ ခေါင်းလေးကို ရင်ဘက်ထဲ ထည့်ကာ ငိုကြွေးနေတာကြောင့် စိုင်းရတု ငယ်ရဲ့ မျက်နှာကို မမြင်ရသေးပေ။

ရတု ချက်ချင်း သူမတို့ကို ကျောပေးကာ စိတ်ငြိမ်အောင်ထားပြီး ဆေးရုံကို ဖုန်းဆက်လိုက်လေသည်။ညီက ငယ့်ကို ခန ထားကာ ရတုလက်ကို အားကိုးတကြီးကိုင်းရင်း

"မှီမှာမဟုဘူး ကယ်..ကယ်ပါဦး..ကျေးဇူးပြုပြီး"

"ကျတော် သယ်ခဲ့မယ် ကားထဲက စောင့်နေနော်"

ရတု ငယ့်ကို သယ်ရန် ငယ့်အနားရောက်ချိန်တွင် သွေးပျက်သွားလေသည်။နောက်ကိုပင် ဖင်ထိုက်ရက် လဲကျသွားသည်။ရေပြင်ညီလက်ကို ကျစ်ကျစ်ပါအောင်ကိုင်ရင်း

"သူ.. သူက "

"အချိန်မရှိဘူး အရင်ဆုံး ကယ်ပေးပါ"

ဘာမှ မပြောတော့ပဲ မျက်ရည်တွေနဲ့ ရတု သူမကို ပွေ့ချီကာ ကားပေါ်တင်လိုက်ပြီး ဆေးရုံသို့ မောင်းထွက်ခဲ့လေသည်။

ဆေးရုံရောက်ရောက်ချင်း ငယ့်ကို operation ခန်းထဲ တန်းသယ်သွားကြသည်။အခန်းရှေ့တွင် ညီ သွေးပျက်နေလေသည်။

ရတုက ညီ့အနားကိုသွားကာ

"သူမက ဘယ်သူလဲ"

"ငါ့ချစ်သူ ငါ့တစ်ဘဝလုံး ချစ်ရတဲ့သူ''

"မဟုဘူး ကျတော်ပြောတာက သူမရဲ့ မိဘတွေ ဆွေမျိုးသားချင်း ပြီးတော့. '"

"ငါမသိဘူး သိလညိး မသိချင်ဘူး လွန်ခဲ့တစ်နှစ်ကျော်လောက်က သူမနဲ့ တွေ့ပြီး သူမကို ချစ်ခဲ့တာ ငါသူမကို တွေတဲ့ အချိန်မှာ သူမက စိတ်ဒဏ်ရာရနေတာ သူမ......rape ခံခဲ့ရတယ်"

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now