part 24

3.2K 288 20
                                    

တစ်ညလုံး မရပ်မနား ကားမောင်းလာသည်မို့ လူက အားမရှိပေ။အစာမစားခဲ့တာနဲ့ပေါင်းပြီး မျော့မျော့ပင် ကျန်တော့သည်။ဒီကြားထဲ ငယ့်အတွက် ပူလောင်နေသည်က ဆိုး၏။

ရေပြင်ညီ ရန်ကုန်ရောက်ရောက်ချင်း ငယ့်အိမ်ကို တန်းသွားလိုက်သည်။ကြီးမားတဲ့ အိမ်ကြီးထဲက ပြတင်းပေါက်ကို ငေးနေတဲ့ အရိပ်ကလေးကို တော့ တွေ့ပါရဲ့။

ရေပြင်ညီ ငယ့်အိမ်နားကို သွားကာ ဘဲလ်တီးလိုက်သည်။ခြံစောင့် ဖြစ်ဟန်တူသည့်လူက

"မမလေးမရှိဘူး ပြန်တော့"

မနက်ကနေ ညနေထိ ဇွဲမလျော့ဘဲ တစ်နေကုန် ရပ်စောင့်နေခဲ့သည်။ပင်ပန်းမှုဒဏ်ကြောင့် ထိုနေရာ၌ပင် မူးလဲသွားလေသည်။
.
.
.အိမ်ထဲတွင်တော့

"မမလေး ထမင်းစားပါဦး ''

"မစားဘူး ငယ့်ကို အပြင်မထွက်ခိုင်းမချင်း ငယ်မစားဘူး"

အိမ်အကူတွေကို နှင်ထုတ်ကာ ပြတင်းပေါက်လေးကို ငေးနေမိသည်။

"ငယ်သိတာပေါ့ညီရယ်..အိမ်ရှေ့က ကားဖြူလေးက ညီ့ကားဆိုတာ ငယ်သိတာပေါ့ ညီငယ့်ကို လာခေါ်မယ်ဆိုတာ ငယ်သိတာပေါ့ ခနလေးပဲ ညီ ငယ်မကြာခင် အားလုံးကို စွန့်လွှတ်ပြီး ညီ့ဆီပြန်လာခဲ့မယ် ညီ့နဲ့သာဆိုဏရင် ငယ်တစ်ကြောင်ကြွတ်ဖြစ်လည်း အဆင်ပြေပါတယ် ငယ့်မှာ ညီရှိသ၍ ငယ်အဆင်ပြေနေမှာပါ ညီ''

ပြတင်းပေါက်အလွန်က ညီ့ရဲ့ပုံရိပ်လေးကို ထိတွေ့ကာ မျက်ရည်ကျနေမိသည်။

တစ်နေကုန် ဘာမှမစား တစ်လှမ်းမှ မရွေ့ဘဲ ညီ့ကိုသာ ငေးနေမိသည်။

"ညီနဲ့ ထပ်တူ ခံစားပြီး နေထိုင်မှာပါ ညီ"

ခြေထောက်တွေက တစ်စ တစ်စ တုန်ရီလာသည်။အစာအိမ်က အစာမရှိတာကြောင့် ငယ်ခံနိုင်ရည်မရှိ။သို့သော်'''' ညီ''' ဆိုသောစိတ်တစ်ခုနဲ့ အားတင်းထားခဲ့သည်။

မကြာပါ... နွမ်းလျနေတဲ့ ကျမရဲ့ညီဟာ ညနေပိုင်းမှာ လဲကျသွားခဲ့တယ် ညီအနားကို သွားကာ ပွေ့ဖက်ချင်ပေမယ့် အမှောင်ထုက ကျမကိုလည်း အလွတ်မပေးခဲ့ဘူး...

ညီလဲကျသွားပြီးနောက် ငယ်သည်လည်း အခန်းထဲတွင် ပျော့ခွေနေလေပြီ။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now