part 19

3.1K 464 17
                                    

"တောင်းပန်ပါတယ်" ဟုသာ အကြိမ်ကြိမ်ရေရွတ်နေလေသည်။အတော်ကြာအောင် ငိုပြီးသည့် အချိန်တွင် ည 3 နာရီပင် ထိုးနေလေပြီ။

ရေပြင်ညီ စိတ်ပူစွာပင် ငယ့်ကို ရင်ခွင်ထဲက ခွဲထုတ်ကာ မျက်လုံးချင်းဆုံအောင်ကြည့်လိုက်လေသည်။ငယ်ကား ခေါင်းလေး ငုံ့ကာ ငိုနေဆဲ။

"ငယ် ညီ ပြောတာကို နားထောင် ညီ့ကို ကြည့်"

"ငယ် ညီ့ ကို ကြည့်စမ်း"

ရေပြင်ညီ စိတ်မရှည်စွာ အော်လိုက်မှ အငိုတိတ်လေသည်။

"ပြော ဘာဖြစ်တာလဲ ဆိုတာကို ပြော ငိုမနေနဲ့ ဖြေရှင်းရမယ် ငယ် နားလည်လား"

"ညီ..ငယ်... ငယ်လေ..ငယ် တောင်းပန်ပါတယ်"

"ဘာကို တောင်းပန်နေတာလဲ "

"ငယ်...ငယ်က...ငယ်က ညီထင်သလို သန့်စင်တဲ့သူ မဟုဘူး"
ပုခုံးကို ဆုတ်ကိုင်ထားတဲ့ သူမလက်တွေ ဖြေလျော့သွားသည်။စိတ်ပျက်စွာ ကျွတ် တစ်ချက် သတ်လိုက်ရင်း

"ဘာကို ပြောချင်နေတာလဲ ညီ တကယ် ဒေါသထွက်လာပြီ"

"ငယ်... ငယ်မှတ်မိပြီ"

ရေပြင်ညီရဲ့ မျက်လုံးတွေက အံသြဝမ်းသာမှုတွေ.... ဝမ်းနည်းမှု စိုးရိမ်မှုတွေ....အသံကို အသားကုန် လျော့ရင်း

"ငယ် ပြန်မလို့လား"

"ငယ် မသိဘူး ငယ်...ငယ်သိတာက ငယ်...ငယ် က မသန့်ရှင်းဘူး ဆိုတာပဲ"

"ငယ်ဘာကို မှတ်မိတာလဲ"

"ငယ်မှတ်မိတာက........."

အတော်ကြာမှ သူမရဲ့ ဖြေရှင်းချက်ကို နားလည်တော့သည်။

"ညီသိတယ် ငယ် rape ခံခဲ့ရတာကို ညီသိတယ်"

"ညီ"
တိုးလျော့စွာနဲ့ မယုံကြည်နိုင်ခြင်းတွေ။စိတ်ပျက်အားငယ် မှုတွေ။ကိုယ့်ကို ကိုယ်ရွံ့ ရှာမှုတွေ.. အားလုံးကို ငယ့်မျက်လုံးထဲမှာ မြင်နေရသည်။

"ညီ ငယ်ကို စပြီး ခေါ်လာကတည်းက ညီသိတယ် ညီ အတွက် ပြသာနာမရှိဘူး အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ ညီ တစ်ယောက်တည်းကိုပဲ ချစ်ရင်ရပြီ"

"ဟင့်အင်း ညီက ပြသာနာမရှိပေမယ့် ငယ့်မှာရှိတယ် ငယ် လက်မခံနိုင်ဘူး"

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Donde viven las historias. Descúbrelo ahora