part 3

4.6K 382 2
                                    

Zawgyi......

ရေပြင်ညီ ထိုကောင်မလေးကို အိမ်သို့ ခေါ်လာခဲ့သည်။လမ်းတစ်လျှောက်လုံးလည်း အခုမှ ခြေစချသည့် ကလေးငယ်လို စူးမ်းသလို ကြည့်နေသောသူမကြောင့် အနည်းငယ်တော့ ပြုံးမိသည်။ဒီနေ့တစ်နေ့တည်းတင် သူမကြောင့် အကြိမ်ရေ မည်မျှ ပြုံးမိသည် မသိ။အလွန်ချစ်ဖို့ကောင်းလွန်းသည်။

အိမ်ရောက်ရောက်ချင်း သူမကို ကားတံခါးဖွင့်ပေးလိုက်သည်။သူမဆင်းရန်ပြင်တော့ ဖိနပ်ပေါက်ကာ ရောင်နေသော ခြေထောက်ကလေး။

ရေပြင်ညီ သူမကို ကျောပေးကာ ဒူးတစ်ဖတ်ထောက်ချလိုက်သည်။ဝတ်နေကျအတိုင်း ဘောင်းဘီပဲ ဝတ်ထားသည်မို့ ဒူးကား နာကျင်မှုမရှိ။

သူမကို ကြည့်ကာ ကားပေါ်တွင် တွေတွေလေး ငေးနေသော ကောင်မလေး။ရေပြင်ညီ ကျောကို ပုတ်ပြကာ ကုန်းပိုးခိုင်းလိုက်သည်။ကလေးတစ်ယောက်လို မြူးထူးစွာ ပြုံးလျက် လည်ပင်းကို သိုင်းကာ ဖက်တွယ်လာသော လက်ကလေး။ကျောပြင်၏ နွေးထွေးမှု။သူမ၏ ဝင်လေ ထွက်လေက နားသည်စ ကလေးကို ကျီစယ်နေလေသည်။သွယ်လျတဲ့ ခြေထောက်ကလေးကို လက်ဖြင့်ထိန်းရင်း သူမအား အိမ်ထဲသို့ ကုန်းပိုးကာ လိုက်ပို့လိုက်လေသည်။

အိမ်ထဲအရောက်တွင် ရေပြင်ညီ သူမ၏ ခြေထောက်မှ ဖိနပ်ကို ချွတ်ပေးလိုက်သည်။ထို့နောက် ဆေးသေတ္တာယူကာ ဆေးတို့ထားသောဝါဂွမ်းစကလေးဖြင့် သူမ၏ ခြေထောက်ကို ညင်သာစွာ ဆေးလိမ်းပေးနေလေသည်။သူမကား အပြစ်ကင်းစင်စွာ ကြည့်နေလေသည်။

ဆေးထည့်ပြီးကာမှ သူမအား ထိုနေရာတွင်သာ ထိုင်ရန် ပြောပြီး မီးဖိုထဲသို့ ဝင်ကာ ချက်ပြုတ်ရလေသည်။ရေခဲသေတ္တာထဲရှိ အသီးရွတ်တွေကို ကြော်ချက်ကာ ထမင်းပွဲဖြစ်အောင် ပြင်ရလေသည်။ပြီးမှ သူမရှေ့ချပေးကာ စားခိုင်းလိုက်သည်။

ငယ်ကား ထမင်းကို ခေါင်းမဖော်တမ်းစားနေလေသည်။အားရပါးရစားထားသော သူမ၏ နှုတ်ခမ်းလွှာတွင် ထမင်းစေ့အချို့ ကပ်ကျန်နေလေသည်။

ရေပြင်ညီ တစ်ရှူးကို အသာယူကာ ငယ့်ပါးစပ်လေးအား သုတ်ပေးသောအခါ သူမက ပြုံးကာ ကြည့်နေလေသည်။ထမင်းစားပြီးသောအခါ ငယ့်ကို ဧည့်ခန်း၌
သူမနှင့်အတူ ထိုင်ခိုင်းလိုက်သည်။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Tempat cerita menjadi hidup. Temukan sekarang